"ဆက် ငါ့ကိုပြောပြ အကုန်ပြောပြ ငါတို့အတူရင်ဆိုင်မယ်လေကွာ...."
ဆက် သက်ပြင်းတေကိုသာ ဆက်တိုက်ချနေမိတော့တယ်.....
"မေမေတို့သိသွားပြီ..."
မျက်လွှာလေးကိုချထားရင်းပြောလာတဲ့ပုံစံလေးက ဟင့်အင်း ကျွန်တော် ထင်တာတော့ မဟုတ်လောက်ပါဘူး မလား....။
"ဘာ ဘာကို သိတာလဲ ဆက်...."
ပိုသေချာအောင် ထပ်ပြီးတော့မေးလိုက်မိတယ်..ရှင်း မေးလိုက်တော့ မျက်ရည်တေ၀ဲနေတဲ့ မျက်ဝန်း လေးတေနဲ့ ရှင်း ကို လှမ်းကြည့်လာတဲ့ ဆက် ကို ရှင်း စိတ်ပူရပြန်ပါပြီ.....
"ငါတို့အကြောင်းတေ ဖေဖေ နဲ့မေမေ သိသွားပြီ"
ရှင်း ထင်နေတဲ့အတိုင်းဖြစ်လာပြီပေါ့...
"ဘာဖြစ်လဲ သိသွားလဲ ငါသွားဝန်ခံမယ် ပြီးရင် မင်းနဲ့လက်ထက်မယ်ကွာ..."
"ရူးနေလား ရှင်း ရယ် ...
အာ့လောက်လွယ်မယ်လို့ မင်းထင်နေလား..""မလွယ်မှန်းငါသိတယ် ဒါပေမဲ့ ငါကြိုးစားမယ်ကွာ..."
"အခု ငါပြောမှာတေသေချာနားထောင် ရှင်း..
ငါကို ဟိုးရက်တုန်းက မေမေက နောက်လထဲ သိမ့်ထက်နဲ့ စေ့စပ်ရဖို့ပြောလာတယ်...ကျောင်းပြီးမှ လက်ထက်ဖို့ လုပ်ထားတဲ့ ကိစ္စက ရုတ်တရက် အမြန်ဖြစ်လာလို့ ငါလက်မခံနိုင်လွန်းလို့ အာ့လို မလုပ်ချင်ဘူး လို့ မေမေကို ပြောခဲ့တယ် ..တဆက်ထဲပဲ ငါသိမ့်ထက်ကို လက်မထက်နိုင်တဲ့ အကြောင်းလဲ ပြောလိုက်တယ် ..မေမေက လက်မခံဘူး..ခနနေတော့ ဖေဖေရောက်လာပြီး ငါသိမ့်ထက်ကို လက်မထက်ချင်တာ မင်းကြောင့်လားလို့ မေးလာတယ်..............flashback start
ရှင်းခန့်ပိုင် ကြောင့်လား"
ရှင်း နာမယ်ပါလာရတာကြောင့် ချက်ချင်း ဦးထင်ရှား ဆီကို ဆက် လှမ်းကြည့်မိလိုက်တယ်..

YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light