လင်းမြတ်အိမ်လာပြီးထဲက ကျွန်တော့်အတွေးတေ စိတ်တေ အရမ်းရှုတ်ထွေးနေတယ် ။ကိုယ့်ကိုယ်ကိုလဲ သေချာပြန်စဉ်းစားနေမိတယ် ။
ဟုတ်တယ် ကိုယ့်ကိုယ်ကို ၀န်ခံပါရစေ...ကိုယ့်ကိုယ်ကို အာ့လိုလူမျိုးတစ်ယောက်ဖြစ်လာရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး...
ငါ့လိုအစေခံတစ်ယောက်က ငါ့ရဲ့သခင်လဲဖြစ်တဲ့ နောက်ပြီး ယောက်ကျားလေး တစ်ယောက်ဖြစ်တဲ့ မင်းကို ငါ ချစ်နေမိပြီ ဆက် ရာ.....
အခုလို မင်းနဲ့ခွဲနေရတာ ငါမင်းကိုလွမ်းလှပြီ ..အရင်လို အော်ဟောက်ဆူမဲ့ မင်းအသံလေးလဲ ကြားချင်လှပြီကွာ....
~~~~~~~~~~~~~~~~~
"နာသွားလား ဧကရာဇ် "
"အမလေး ဟ သိမ့်ထက်ရယ် နင်က နင့်လူကို သိပ်အကဲပိုတာပဲ ဒီကောင်က မိန်းမချောပေမဲ့ ယောက်ျားရင့်မာကြီးပါဟာ အာ့လောက်လဲ စိတ်ပူစရာမလိုပါဘူး"
"ဘာ မိန်းမချော ဟုလား ..ဒီကောင်ခေါ်လာမိတာ ငါ့အမှားပဲ "
"သောက်ကောင် မင်းပဲ မတရားခေါ်လာတာလေ"
"ထားပါတော့ ကွာ ပြီးတော့ သိမ့်ထက် ငါ့လက်ဓားရှတာ အသက်နဲ့ အဝေးကြီး စိတ်မပူပါနဲ့  တော်ကြာ ဒီကောင်အပြောအဆိုခံနေရမယ်"
"ဟားဟား"
ဒီနေ့နေ့လည်စာအတွက်မီးဖိုချောင်မှာ ကျွန်တော် တို့သုံးယောက် တာဝန်ယူချက်ပြုတ်နေတာပါ ကျွန်တော် ကြက်သွန်လှီးရင်း ဓားရှမိတာပါ..
ချက်ပြုတ်ပြီးတာနဲ့ သိမ့်ထက် အဖိုးနဲ့အဖွားကို အရင် ဦးဦးဖျားဖျား စားခိုင်းလိုက်ပြီးတော့မှ ကျန်တော့တို့ သုံးယောက် စားသောက်ကြတာပေါ့
"တော်ပါပြီ သိမ့်ထက်ရယ် ငါ့ပန်းကန်ထဲလဲ ထမင်း တောင်မမြင်ရတော့ဘူး နင့်ဘာသာစားပါ ငါရပါတယ် "
"ငါက ဧည့်သည် ကို ဧည့်ဝတ်ကျေချင်လို့ပါနော် "
"ပြောတတ်လိုက်တာ ဟော့ဒီက ကျွန်တော် ဟိန်းထက် ကလဲ ရန်ကုန် ကလာတဲ့ ဧည့်သည် ပါနော် ဧည့်သည် တောင် ဘက်လိုက်နေတယ်"
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light