စေ့စပ်ပွဲဆိုတဲ့အတိုင်း အကျဉ်းချုံးပဲလုပ်ဖြစ်တာပါ။နစ်ဖက်အသိုင်းအ၀ိုင်းရဲ့ရင်းနှီးတဲ့သူတေသာ ဖိတ်ထားတာပါ။
ဆက်ဧကရာဇ် က အပေါင်းအသင်းနည်းလွန်းပါတယ်။ဟိန်းထက်နဲ့လင်းမြတ်ကလွဲလို့ မရှိပါ။သို့ပေမဲ့လည်း သိမ့်ထက်ရဲ့ အသိတေ သိမ့်ထက်မိဘရဲ့ အသိမိတ်ဆွေတေ ဆက်မိဘရဲ့ အသိဆွေမျိုးတေ ကို ဆက် မသိပါဘူး။
အာ့မသိတဲ့သူတေကိုပဲ မပြုံးချင်သော်လဲပြုံးပြရ၊ မရယ်ချင်သော်လဲရယ်ပြရ၊ စကားမပြောချင်သော်လဲ ကြိတ်မှိတ်ပြန်ပြောရနဲ့ ဆက်ဧကရာဇ် စိတ်တေရှုတ်နေပါပြီ။
ထိုလူတေအများကြီးထဲမှာ မျှော်နေတဲ့သူကတော့ ရှိမနေခဲ့ဘူး။မလာမဖြစ်လာရမယ်လို့ ပြောထားတာကိုတောင်မှာ မလာဘူးလား။
မင်းကျတော့မိန်းမတစ်ယောက်နဲ့အတူအိပ်နေပြီး ငါမိန်းမတစ်ယောက်နဲ့ စေ့စပ်တာကြတော့ မင်း ကြည့်ဖို့ သတ္တိမရှိတာလား။
စေ့စပ်ပွဲပြီးသွားလို့ ဧည့်သည်တေလဲ ပြန်ကုန်ကြပြီ။သိမ့်ထက်ကတော့ ဆက် တို့အိမ်မှာနေခဲ့သေးတယ် ညနေမှ လိုက်ပို့ခိုင်းမယ်ဆိုပြီး။နေ့လည် လောက်ကျတော့ ရှင်းခန့်ပိုင် ရောက်လာခဲ့တယ်။
တစ်ပတ်တောင်မတွေ့ဖြစ်တာ...
ဘယ်လောက်တောင်လွမ်းလိုက်ရသလဲ...
ရှင်းခန့်ပိုင်ကို လွမ်းတယ် လို့ တွေးမိလိုက်တာနဲ့
ထိုအတွေးတေကို ခေါင်းထဲက မြန်မြန် ထုတ်လိုက်တယ်။ရှင်းခန့်ပိုင်ဆိုတဲ့ မင်းက ...
ငါ လွမ်းမောနေတာကိုခံသင့်တဲ့..
သူတစ်ယောက်မဖြစ်သင့်ဘူး...
ငါ့အမုန်းတေနဲ့ ထိုက်တန်သင့်တာ..."မင်းဘာလို့ အခုမှလာတာလဲ.."
"ငါ မနက်ကလာမလို့ပါပဲ မေမေအတော်နေမကောင်းဖြစ်နေလို့ အခုမှလာခဲ့ရတာ..."
"ငါနဲ့ သိမ့်ထက် စေ့စပ်ပွဲ ကို ငါကမင်းကိုအရင်မြင်စေချင်ခဲ့တာ...ထားပါတော့ မင်းကိုပြောစရာရှိသေးတယ်..."
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light