Ep-(35)

16.1K 1K 40
                                    

မနမ်းခင်​ထဲက မှိတ်​​နေတဲ့ ရှင်း ရဲ့မျက်​လုံး​တေက နမ်းပြီးသွားလဲ မှိတ်​​နေဆဲပါပဲ..။

ရှင်းခန့်​ပိုင်​ ကို ဆက်​ဧကရာဇ်​ ​သေချာကြည့်​လိုက်​​တော့ အိပ်​​ပျော်​သွားပြီထင်​ပါတယ်​။ဒါ​ဆို ​ယောင်​ပြီး​တော့ နမ်းတာလား ဘာပဲဖြစ်​ဖြစ်​ မင်း​ပေးတဲ့ အနမ်းကို ငါမြတ်​နိုးတယ်​ ရှင်း...။

ဆက်​ လဲ ရှင်းခန့်​ပိုင်​ ရင်​ခွင်​ထဲကိုအတင်းတိုးဝင်​ပြီး​တော့ အိပ်​စက်​အနားယူခဲ့​တော့တယ်​။

မနက်​ 7 နာရီ ​လောက်​တွင်​ ph vibration အသံအ​ကြောင့်​ ရှင်းခန့်​ပိုင်​ အိပ်​ယာကနိုးလာတယ်​....။
မျက်​လုံး ​တေကိုဖွင့်​ဖွင့်​ချင်း အရင်​မြင်​လိုက်​ရတာက ဖြူ​ဖွေးပြီးရှင်းလင်း​နေတဲ့ ဆက်​ မျက်​နှာ​လေးကို အရင်​​တွေ့လိုက်​ရလို့ ရှင်း ပြုံးလိုက်​မိတယ်​..။ နှစ်​ခြိုက်​စွာ အိပ်​​မောကျ​နေတဲ့ ထို​ကောင်​​လေး ရဲ့ မျက်​နှာ​ပေါ်က အစိတ်​အပိုင်း တစ်​ခုချင်းစီ ကို လိုက်​ကြည့်​​နေရင်း နှုတ်​ခမ်း ဆီကို ​ရောက်​သွား​တော့ မ​နေ့ကအ​ကြောင်း​တေက ​ခေါင်းထဲမှာ အစီအရီပြန်​​ပေါ်လာပြီး ..ရင်​ထဲမှာ တ လှပ်​​လှပ်​နဲ့ တစ်​မျိုး​လေး ခံစားလိုက်​ရတယ်​...။

ဖုန်းလာ​နေတာကို​တောင်​ ကိုင်​ဖို့​မေ့သွားတဲ့ အထိ ဆက်​ ရဲ့ မျက်​နှာ​လေးကို ထပ်​ကြည့်​​နေမိတယ်​ ။ဒီလိုအခွင့်​အ​ရေးမျိုး ဒီလိုချစ်​ရတဲ့သူနဲ့ အတူနိုးထခွင့်​ ရတဲ့ မနက်​ခင်း ဟာ ​နောက်​ကျရင်​ ထပ်​ကြုံရဖို့ မ​သေချာဘူး ​လေ။

ရှင်းခန့်​ပိုင်​ ရဲ့ လက်​​မောင်း​ပေါ် အိပ်​​နေရာက​နေ ရှင်းခန့်​ပိုင်​ရဲ့ ရင်​ခွင်​ထဲထိ အတင်းတိုးဝင်​​နေတဲ့ ဆက်​ဧကရာဇ်​ ကို ရှင်းခန့်​ပိုင်​ လဲ ပြန်​လည်​ဖက်​ထားလိုက်​တယ်​...။

ဖုန်းက အဆက်​မပြက်​လာ​နေတာ​ကြောင့်​ ရှင်းလဲ ဆက်​ကို ဖက်​ထားတဲ့လက်​ကိုခွာပြီး ဖုန်းကိုရ​အောင်​လှမ်းယူရ​တော့တယ်​။ကိုယ့်​လက်​​မောင်း​ပေါ် အိပ်​​နေတဲ့ ထိုလူသား​လေး နိုးသွားမှာကိုလဲ ရှင်း က စိုးရိမ်​​နေ​သေးတယ်​..။

SERVANT Where stories live. Discover now