ဆက် ကပြောနေရင်းနဲ့ကို ငိုလာတော့တယ်။
မေမေအရှေ့မှာ စကားပြောဖို့ သိပ်အဆင်မပြေတာကြောင့် ဆက် ရဲ့ လက်ကိုဆွဲပြီး ထိုအခန်းထဲကထွက်လာခဲ့တော့တယ်...။လူရှင်းတဲ့နေရာတစ်ခုရောက်မှ ရပ်လိုက်ပြီး ဆက် ပုခုံးနှစ်ဖက်ကို ရှင်း က ဆုတ်ကိုင်လိုက်ရုံရှိသေးတယ် ဆက် က ရှင်း ရဲ့ ရင်ခွင်ထဲကို ၀င်လာပြီး ဖက်ထားလိုက်တော့တယ်...။
ရှင်း လဲ ဆက် ကို လွမ်းနေခဲ့ရတာ အတော်ကြာပြီမို့လို့ ပြန်ဖက်ထားရင်း ဆက် နဖူး လေးကို အနမ်းတစ်ခု ခြွေမိတယ်...။
ဆက် ကတော့ အငိုမပြက်ခဲ့ပါဘူး...ရှိုက်သံလေးတေပါထွက်လာတဲ့ အထိငိုပြီးတဲ့အခါ ရှင်း ရဲ့ ရင်ဘတ်ကို တဖုန်းဖုန်း ထုပြီးတော့ မကျေနပ်ချက်တေကို မနားတမ်းပြောပါတော့တယ်။
"ဘာလို့အမှန်တိုင်းမပြောခဲ့တာလဲ...ဟိုမိန်းမ ဆီသွားမယ်ဆိုလို့ ငါဘယ်လောက်ငိုခဲ့ရလဲ မင်းသိရဲ့လား ဟင့် ငါ့ကိုမုန်းပြီး အာ့မိန်းမကို ချစ်သွားပြီထင်ပြီး ငါဘယ်လောက်ရူးမတတ်ခံစားခဲ့ရလဲ မင်းသိရဲ့လား ဘာလို့ ငါ့ကိုနာကျင်အောင် အာ့လိုမျိုးပြောခဲ့ရတာလဲ ဟင့် ငါ ငါ မင်းကို ဒီရက်ထဲ ဘယ်လောက် ဘယ်လောက်တောင် လွမ်းနေလဲ မင်းသိရဲ့လား ရှင်း ရာ ဟင့်ဟင့် အီးဟီး.. "
ဒီအချိန်မှာ ဦးထင်ရှား ရဲ့ အပေးအယူ တေခနမေ့ထားပါရစေ ....နောက် အနာဂတ် အတွက်အကြောင်းတေလဲ မေ့ထားပါရစေ...အခု ပစ္စုန်ပ္ပန် အချိန်လေးမှာ စိတ်ထဲရှိတဲ့ အတိုင်းနေပါရစေ..
ရင်ခွင်ထဲက ကောင်လေးကို အခုချိန်မှာတင်းကြပ်နေအောင် ဖက်ထားပါရစေ...
နောက်ရက်တေ ဆိုတာ မသေချာလို့ ..
အခုချိန်လေးပဲ အခုချိန်လေးပါပဲ.....သူရဲ့အရာရာကို ရူးမတတ်လွမ်းနေခဲ့ရတာမို့လို့ပါ.....
ရှင်းခန့်ပိုင်လဲ ဆက်ဧကရာဇ် ကို သူနေတဲ့ တိုက်ခန်းအသစ်ကို ခေါ်သွားခဲ့တယ်..။
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light