သူအမေးကို ကျွန်တော်မဖြေရခင်မှာပဲ...
"ပြန်တော့ ရှင်း ငါ တစ်ယောက်ထဲ နေချင်တယ် "
"ဟုကဲ့ အကိုလေး"
ခနတာစိတ်လွတ်သွားပြီးဘာတေမေးလိုက်မိတာလဲကွာ..ဒါပေမဲ့ မင်းရဲ့အဖြေကို သိချင်မိတာအမှန်ပဲ.....
ဒါပေမဲ့ ငါကြောက်တယ် ငါ့အတွက် မကောင်းနိုင်တဲ့ အဖြေမျိုး မင်းဆီကကြားရမှာကို...~~~~~~~~~~~~~~~~~~~~
"သား ဒီအပတ် sunday အပြင်သွားစရာ မရှိဘူးမလား""မရှိဘူး ဖေဖေ ဘာဖြစ်လို့လဲ "
"Sunday ကျရင် သမီးလေး သိမ့်ထက် မိသားစု ကို ထမင်းစားဖိတ်ထားတယ် သား အာ့ကြောင့်မေးနေရတာ"
"Aww ဟုတ် ဖေဖေ သား အိမ်မှာပဲရှိမှာပါ"
"တော်ပါတော့ အကိုရယ် သားလေး ထမင်းအေးဆေးစားပါစေ နောက်မှပြောလဲ ရတာပဲ"
"မင်းသားက အပြင်တေဘာတေသွားနေမှာစိုးလို့ ကြိုပြောထားရတာကွ"
ဖေဖေဆီက စကားတေမကြားရခင်တုန်းက ထမင်းကတော်တော်စားကောင်း ခဲ့တာပါ..
အခုတော့ အရသာမရှိတော့သလိုပဲ....Sunday တစ်ရက် ရှင်း ကိုတော့ အခန်းထဲသော့ခတ်ပိတ်ထားရမယ်.....
~~~~~~~~~~~~~~~~~~~~~~~~~~~
"ငါလိုက်ချင်တယ် ခေါ်ပါဟာ နော် ငါလိုက်ခဲ့ပါရစေ သိမ့်ထက် ရယ်"
"မလိုက်ပါနဲ့ မမရယ် သိမ့်ထက် တောင်းပန်နေတာပါ အခုက အရေး ကြီးတယ် ပြသာနာ တက်လို့မဖြစ်ဘူး မမ"
"အာ့တော့ ငါက ပြသာနာ ရှာနေတယ်လို့နင်ပြောချင်တာလား "
"မမ လုပ်လိုက်တာ ပြသာနာ တေပဲလေ အခုက ဧကရာဇ် မိသားစု တေနဲ့ နှစ်ဖက်မိသားစုတွေ့ရမှာ ပြသာနာ တေဖြစ်လို့မဖစ်ဘူး"
"ဟုပြီ ပြသနာမဖြစ်စေရဘူး ငါကတိပေးတယ် ငါ လိုက်ခဲ့မယ်ဟာ ငါသူ့ကိုလွမ်းလို့ပါ အခုကကျောင်းတေလဲ ပိတ်ထားတော့ ငါသတိရနေပြီ"
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light