စိတ်ကတော်တော်ကို တိုနေတာမို့လို့ ဆက် ကို ရှင်း လဲ လေသံမာမာထန်ထန်နဲ့ ပြောပြီး ဆက်ဧကရာဇ် ကိုကျော်လာပြီး အိမ်ပြန်ရမဲ့လမ်းအတိုင်းပြန်လာလိုက်တယ်။ ရှင်းခန့်ပိုင် လဲ YBSစီးဖို့ ကားမှတ်တိုင် ရောက်လို့ရပ်လိုက်တော့မှ အနောက်ကနေ ဆက်ဧကရာဇ် လိုက်လာတာကို သိလိုက်တယ်။ ပြန်တဲ့လမ်းကြောင်း တူရအောင်ကလဲ ဆက် ဘယ်ကိုပြန်ရမလဲ ရှင်းခန့်ပိုင် ကသိနေတာကြောင့် ဒါဆို အခု ငါ့နောက်လိုက်လာတာလားဆိုပြီး ရှင်းခန့်ပိုင် တွေးလိုက်တယ် ။ဆက်ဧကရာဇ် အနားကိုသွားလိုက်တော့ ဆက် မျက်နှာကစူပုတ်နေတော့တယ်...။
"ပြန်တော့ မိုးချုပ်နေပြီ.. ."
စိတ်တိုတာက စိတ်တိုတာပဲ ..ဒါပေမဲ့ လည်း ဆက် ကို စိတ်ပူတာကြောင့် ရှင်းလဲ အိမ်ပြန်ဖို့ပြောလိုက်တော့တယ်။
"မပြန်ဘူး ငါ မင်းနောက်လိုက်မလို့...."
"ဘာလို့လိုက်မှာလဲ မလိုက်နဲ့ ပြန်...:"
"ရှင်းခန့်ပိုင် အခု မင်းကငါ့ကို အမိန့်ပြန်ပေးနေတာလား...ဟွန်း မင်းအချိုးတေပြင်ထားနော် ငါဘာ့သာ လိုက်ချင်ရင်လိုက်မယ် မလိုက်ချင်မလိုက်ဘူး မင်းငါ့ကို လာမပြောနဲ့.. "
ရှင်းခန့်ပိုင် စီးရမဲ့ ကားကလာနေပြီမို့လို့ ..ပြောမရဆိုမရ ထိုကောင်လေးကို ဘာမှမပြောတော့ပဲ ရှင်းခန့်ပိုင် လဲ ကားပေါ်တက်လာခဲ့တော့တယ်။ဆက် ကလဲ ရှင်းခန့်ပိုင် တက်တဲ့ကားပေါ်ကို လိုက်တက်လာတယ်။ ရှင်းခန့်ပိုင် အကြွေ 200 ထည့်လိုက်တာမြင်လို့ ပုံးထဲကို ပိုက်ဆံ ထည့်ရမှာ သတိရပြီး ပိုက်ဆံထုတ်ရတော့တယ်။အကြွေ မရှိတာကြောင့် 1000 တန်ကိုသာထည့်ခဲ့လိုက်ပြီး ရှင်းခန့်ပိုင် ထိုင်တဲ့ဘေးမှာဝင်ထိုင်လိုက်တော့တယ်။
"ဘာလို့ 1000 ထည့်လိုက်တာလဲ တစ်ယောက် 200.ပဲလေ ..."
"200 မှ မရှိတာကို 1000 ထည့်တော့ဘာဖြစ်လဲ"

KAMU SEDANG MEMBACA
SERVANT
Romansaမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light