Ep-(29)

15.5K 1K 18
                                    

ဆက်​ မဟုတ်​တာတစ်​ခုခုလုပ်​​တော့မယ်​ဆိုတာ ရှင်း ခန့်​မှန်းမိသွားပြီး ဆက်​ အ​နောက်​ကို လိုက်​ဖို့ပြင်​လိုက်​တယ်​...။

Ph Ring.....

ဦးစိုးပိုင်​ ဆီက ဖုန်းဝင်​လာခဲ့တယ်​ ။ဒေါ်ဆုမြတ်​ နှလုံး​ရောဂါ ​ဝေဒနာပြင်းထန်​စွာခံစား​နေရတာ​ကြောင့်​ ရှင်းခန့်​ပိုင်​ကို ​ဆေးရုံကို အမြန်​ လာခဲ့ဖို့ ​ပြောတာ​ကြောင့်​...
ဆက်​ ဆီကိုသွားမဲ့ ​ခြေလှမ်းများကို ​ဆေးရုံသို့သာ​ ဦးတည်​ခဲ့ရတယ်​......

ရှင်းခန့်​ပိုင်​ စိတ်​​တေအရမ်း​​လေးလံ​နေရပြီ။
အ​မေဖြစ်​သူအတွက်​လဲ စိတ်​ပူရသလို...
ဆက်​ အတွက်​လဲ စိတ်​ပူ​နေရတာ​ကြောင့်​ပါ...။

ရှင်းခန့်​ပိုင်​ ​ဆေးရုံ​ရောက်​​တော့ ​ဒေါ်ဆုမြတ်​ က​တော့ ​​အောက်ဆီဂျင်ပိုက်တပ်ထားလျက် ​​​​​ကုတင်​ထက်​အိပ်​​ပျော်​​နေတယ်​။ ဦးစိုးပိုင်​ က​တော့ မျက်​နှာမ​ကောင်းဘူး.. .။

"​မေ​မေဘယ်​လိုဖြစ်​တာလဲ ဦးစိုးပိုင်​.. ."

"ဆရာဝန်​​တေက​ပြောတယ်​ မင်းအ​မေနှလုံးက လုံးဝမ​ကောင်း​တော့ဘူးတဲ့ နှလုံးအစားထိုးကုသမှ အသက်​ရှင်​နိုင်​မယ်​တဲ့...နှလုံးခုန်​တာရပ်​သွားတယ်​ အာ့​ကြောင့်​ ​အောက်​ဆီဂျင်​​ပေးထားရတယ်​ မြန်​မြန်​ခွဲစိပ်​ကုသမှ မင်းအ​မေအတွက်​ အဆင်​​ပြေနိုင်​မယ်​တဲ့ ပြီး​တော့ မင်းအ​မေအတွက်​ နှလုံးအစားထိုးကုသဖို့အတွက်​ အခုချိန်​ထိ နှလုံးအလှူရှင်​ကို ရှာမ​တွေ့​သေးဘူး ​တွေ့တဲ့ဟာကျ​တော့​လဲ အချက်​အလက်​​တေကိုက်​ညီမှု မရှိတာ​ကြောင့်​ အဆင်​မ​ပြေဘူးတဲ့...အာ့​ကြောင့်​ နှလုံးအလှူရှင်​ကို ရှာမ​တွေ့​သေးခင်​မှာ လူနာကို စိတ်​ချမ်းသာ​အောင်​ ထားဖို့လဲမှာသွားတယ်​ ။မင်း အ​မေက သူ့​ရောဂါထက်​ မင်းအတွက်​ စိတ်​ဆင်းရဲ​နေပုံရတယ်​.. .မင်းမှာ မိသားစု အရင်းဆိုလို့ ဒီအ​မေတစ်​​​ယောက်​ထဲရှိ​တော့တာ ​သေချာဂရုစိုက်​​ပေါ့ကွာ ငါလဲ ဆု​တောင်း​ပေး​နေပါမယ်​..."

"ဟုကဲ့ ပါ အခုလိုတတ်​နိုင်​သ​လောက်​ကူညီ ​ပေး​နေတာကိုပဲ ကျွန်​​တော်​​ကျေးဇူးတင်​ပါတယ်​ဗျာ...."

SERVANT Nơi câu chuyện tồn tại. Hãy khám phá bây giờ