အခုလိုရုတ်တရက်ဖွင့်ပြောလိုက်မိမယ်လို့ ကိုယ့်ကိုယ်ကို တောင်မယုံနိုင်ဘူး။
ဘယ်လိုမှကို သည်းမခံနိုင်တော့လို့ ခံစားချက်တေက အလုံးလိုက်အခဲလိုက် ထွက်ကျလာတယ်
သူ ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာ တွေးတောင်မတွေးရဲလို့။
ပြောချင်တာတေပြောပြီး ငုတ်တုတ်ထိုင် နေလျက်ပဲ မျက်နှာခေါင်းငိုက်စိုက်ထားရတယ်။"တကယ်လား"
ညင်သာတယ်.....
မဟုတ်ဘူး နူးညံ့လွန်းနေတဲ့...
သူ့ အသံလေး....တကယ်ဆိုသူဒေါသတေထွက်လာရမှာ မဟုတ်ဘူးလား။
ဘာလို့ အခြေအနေကပြောင်းသွားရတာလဲ။ငုံ့ထားတဲ့ခေါင်းကိုမော့လိုက်ပြီး...
သူ့မျက်လုံး ၀ိုင်းဝိုင်းလေးတေကိုကြည့်ရင်း.."တကယ်ပေါ့ ဆက် ရာ ငါ့မျက်လုံးတေကို သေချာကြည့်ကြည့်ပါ ဦး ညာနေတဲ့ပုံပေါက်နေလို့လားကွာ"
"ဘယ်ထဲကလဲ ဘယ်ချိန်တုန်းကလဲ ဘယ်တုန်းထဲက ငါ့အပေါ်အာ့လို..."
"တကယ်ဆို မင်းကိုချစ်နေတာ ကြာပါပြီ..ဒါပေမဲ့ ချစ်နေမှန်းမသိခဲ့တာ အခုကျတော့.. "
"သိသွားပြီပေါ့လေ..."
"ဆက် "
"ကုတင်ပေါ်တက်နှင့် ငါဆေးထည့်ပေးမလို့ ဆေးသွားယူဦးမယ်"
ငါ့ ဘက်က ဖွင့်ပြောပြီးပြီလေ...
အဖြေ တစ်ခုခုတော့ ပြန်ပေးသင့်တယ် မဟုတ်ဘူး လား ဆက်ရယ်.."ဆက် ငါပြောတာကို ဘယ်လိုသဘောရလဲ"
"မင်း ကုတင်ပေါ်တက်နှင့်လို့ ငါပြောတာ နားမလည်ဘူး လား"
"အင်းပါကွာ"
ခုနနေတော့ ဆေးသေတ္တာယူပြီး ပြန်ရောက်လာတယ်။
အခုလို ဂရုတစိုက် ဆေးထည့်ပေးနေတော့လဲ
ခုနက အကြိတ်အနယ်ထိုးခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ။
သိပ်အပြောင်းအလဲမြန်တဲ့ ကောင်လေး ခိခိ။"အား အ အ နာတယ် ဆက် ရ ဖြေးဖြေးလုပ်ပါ"
"အာ့လိုဒဏ်ရာတေနဲ့ကို မင်းက ဘာတေတွေးပြီး ပြုံးနေတာလဲ "

ESTÁS LEYENDO
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light