ကျွန်တော်အခုပထမဆုံးတက်ရမဲ့ တက္ကသိုလ် ကိုသွားဖို့ပြင်ဆင်နေတာပါ ကျွန်တော်ဘ၀ကြီးက လိုလေသေးမရှိ တောင့်တတိုင်းရနိုင်တဲ့ ဘ၀ကြီးကို ရထားလို့ကျွန်တော် အပြည့်အ၀ ကျေနပ်မိတယ် သိပ်ကိုချမ်းသာတဲ့ ဖေဖေ ဦးထင်ရှား နဲ့ မေမေ ဒေါ်လင်းစန္ဒာတို့ရဲ့ တစ်ဦးတည်းသောသား ကျွန်တော် ဆက်ဧကရာဇ် က ပစ္စည်း ဥစ္စာ ၊ဂုဏ် ၊အဆင့်အတန်း၊ ပိုက်ဆံတေနဲ့ ပဲ ပြည့်စုံတယ်လို့ထင်နေလား မဟုတ်သေးဘူး နော်......
ဖေဖေရဲ့ ကျက်သရေ ရှိပြီးခန့်ညားလွန်းလှတဲ့ရုပ်ရည် မေမေရဲ့ မဟာဆန်ဆန်ချောလှလွန်းတဲ့ ရုပ်ရည် ပိုင်ရှင်တေရဲ့ တစ်ဦးတည်းသွေးသား ကျွန်တော် က အရမ်းhandsome ဖြစ်တာမျိုးမဟုပဲ သင့်တင့်သလောက် ခန့်ညားချောမောတဲ့အပြင် အရမ်းတောင့်တင်းလွန်းတဲ့ body structure မျိုးမရှိရင်တောင် ဘာဝတ်ဝတ်လိုက်ဖက်နေလွန်းတဲ့ ကြည့်ကောင်းလွန်းတဲ့ body မျိုးကို ကျွန်တော်က ပိုင်ထားရသေးတာ ... ......
တခါတလေ စဉ်းစားတယ် ငါ့အတွက်လိုအပ်တာတစွန်းတစမရှိရအောင် အရာရာ perfect ဖြစ်လွန်းနေတဲ့ ကိုယ့်ကိုယ်ကို အံ့သြလို့မဆုံးပါဘူး ..ဒါနဲ့ အာ့လိုဘ၀မျိုးနဲ့နေနေရလို့ ကျွန်တော် က ပျက်စီး နေပြီး မိဘစကားနားမထောင်တဲ့ သားဆိုးလူမိုက်တစ်ယောက်လဲ မဟုဘူးနော် တကယ်ကို လိမ္မာရေးခြားရှိပြီး စိတ်သဘောထားလေးပြည့်ဝ အကြင်နာတရားရှိတဲ့ လူသားတစ်ယောက် ......(တစ်စုံတစ်ယောက်အတွက်တော့ မဟုတ်လောက်ဘူးထင်ပါတယ်)
မိဘတေရဲ့ အလိုလိုက် ၊ဂရုစိုက်မှု လဲအပြည့်အ၀ရထားတယ် ။တချို့လုပ်ငန်းရှင်မိဘတေက အလုပ်မှာအာရုံစိုက်ရတာများလို့ သားသမီးကိုအချိန်မပေးနိုင်ဘူးဆိုတာ ဆက်ဧကရာဇ် ဆိုတဲ့ ကျွန်တော် ဆီမှာ မရှိဘူး ။မိဘရဲ့ နွေးထွေးမှုတေကို ပိုင်ဆိုင်ရထားပြီးသား ကျွန်တော်ဘ၀ရဲ့ ရှေ့ဆောင်လမ်းပြတေဖြစ်တဲ့ ဖေဖေနဲ့မေမေကို အရမ်းလဲချစ်တယ်၊ အရမ်းလဲကျေးဇူးတင်ပါတယ် ။ဒီလိုဘ၀မျိုးနဲ့ ဒီမိသားစုလေးမှာ သား ဆက်ဧကရာဇ် လေးကို လက်ခံပေးခဲ့လို့ ဒါပေမဲ့ အာ့လောက်ပြီးပြည့်စုံမှုအပြင် ကျွန်တော်ရခဲ့သမျှလက်ဆောင်တေထဲက အနှစ်သက်ဆုံးလက်ဆောင်တစ်ခုရှိသေးတယ် ကျွန်တော်အတွက်အာ့လက်ဆောင်က ဖေဖေနဲ့မေမေ ပေးဖူးသမျှထဲမှာ တန်ဖိုးအရှိဆုံးပဲ .......
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light