Ep-(39)

14.6K 966 28
                                    

အချိန်​​တေက ​လေးလဆိုတဲ့ အတိုင်းအတာ ကို​ကျော်​လာခဲ့ပြီ။ ရှင်းခန့်​ပိုင်​ က​တော့ ဖုန်းဆိုင်​တစ်​ခုမှ အ​ရောင်းဝန်​ထမ်း​လေး လုပ်​​နေခဲ့တယ်​။

တိုက်​ဆိုင်​မှု​တေရှိလာခဲ့ရင်​ လွမ်း​နေတုန်းပဲ..
သူနဲ့ပတ်​သတ်​တဲ့ အရာ​လေး​တေ​တွေ့မိရင်​လဲ
လွမ်း​နေတုန်းပဲ.. .
အာ့လိုလွမ်းမိတိုင်းလဲ မျက်​ရည်​​တေနဲ့ အ​ဖော်​ပြုခဲ့ရတယ်​...

မပိုင်​ဆိုင်​နိုင်​​တော့တဲ့ သူတစ်​​ယောက်​ကို အ​ဝေးက​နေပဲချစ်​​နေရင်း .....
တိတ်​တဆိတ်​ နာကျင်​ရင်း.....
တိတ်​တဆိတ်​ ငို​ကျွေးရင်း......
ငါ့ဘ၀ကို ခက်​ခဲစွာ အသက်​ရှု​နေရတယ်​...။

လွန်​ခဲ့တဲ့​လေးလက လှည်းတမ်း မှာ​တွေ့မိပြီးထဲက ထပ်​မ​တွေ့ရ​တော့ဘူး.။ သူတက်​တဲ့ ​ကျောင်း၊သူ​နေတဲ့ အိမ်​၊ သူသွားတတ်​တဲ့ ​နေရာ​တေကို ၊သွားကြည့်​ချင်​​ပေမဲ့ စိတ်​ကသာ ​ရောက်​ပြီး လူက​တော့ မ​ရောက်​ခဲ့ပါဘူး။

တစ်​ကယ်​ကို ငါတို့​ရေစက်​ကဒီအထိပဲထင်​ပါတယ်​ မင်း​ရော အဆင်​​ပြေ​နေရဲ့လား....ဆက်​..။

~~~~~~~~~~~~~~~~~~~~~~~~~~~~

"​ဟေ့​ယောင်​ ဧကရာဇ်​ ..."

"ဘာလဲကွာ...."

Coffee ဆိုင်​တစ်​ခုမှာ လင်းမြတ်​နဲ့ ဆက်​ဧကရာဇ်​ အတူရှိ​နေတုန်း...

"မင်းအနားကမခွာတဲ့ ပတ်​ကျိလိုကပ်​​နေတဲ့ သိမ့်​ထက်​​ရော.."

"မသိဘူး.."

မသိဘူးဆိုထဲက သိမ့်​ထက်​အ​ကြောင်း ကို မ​ပြောချင်​ဘူး ဆိုတာ လင်းမြတ်​သိလိုက်​တယ်​။

"မင်းကလဲကွာ ...​ပြောမဲ့သာ​ပြောတာ သူက မင်းကို ​တော်​​တော်​​တော့ ချစ်​တယ်​​နော်​..."

"မင်း သူ့အ​ကြောင်း​ပြောမယ်​ဆိုရင်​ ဒိုးလိုက်​​တော့ မဟုတ်​ရင်​လဲ ငါပြန်​​တော့မယ်​.. "

ဆိုပြီး ချက်​ချင်းပဲ ဆက်​ ကမတ်​တပ်​ထရပ်​လိုက်​တယ်​။

"မင်းကလဲကွာ စိတ်​ချည်းပဲ ပြန်​ထိုင်​ပါကွာ.."

အာ့​တော့ မှ ဆက်​ လဲ မျက်​နှာရှစ်​​ခေါက်​ချိုးနဲ့ ပြန်​ထိုင်​လိုက်​တယ်​..။

SERVANT Where stories live. Discover now