ဆက်တို့ ခြံရှေ့ရောက်လာတော့ သိမ့်ထက်ကို နှုတ်ဆက်ပြီး ကားပေါ်က ဆင်းလာချင်းမှာ အိမ်ထဲကို လှမ်းကြည့်မိတော့ ဒေါ်လင်းစန္ဒာ တံခါးပေါက် အ၀မှာ မတ်တတ်ရပ် နေတာကို ဆက် တွေ့လိုက်ရတယ် ။
ထို့နောက် သိမ့်ထက်ပြုမူလိုက်တာတေကို ဆက် မကြိုက်ဘူး ရှင်းကိုပါမြင်လိုက်ရတဲ့ အချိန်မှာ ပိုဆိုးတာပေါ့ သိမ့်ထက်ကို တွန်းထုတ်ပြီး ရှင်း ထင်သလို မဟုတ်ပါဘူး ဆိုပြီး ရှင်းပြချင်ပေမဲ့..။
အာ့လိုလုပ်လိုက်ရင် အိမ်ပေါက်ဝက လှမ်းကြည့်နေတဲ့ မေမေ့သာတွေ့သွားရင် အဆင်မပြေနိုင်တာကြောင့် ရှင်း ကိုပဲလျစ်လျုရှုထားလိုက်တယ်
"မငိုပါနဲ့ သိမ့်ထက်ရယ် နင့်မွေးနေ့ကို ပျော်ပျော်နေရမှာပေါ့."
ဆက် ရဲ့ အားပေးစကားသံကြောင့် သိမ့်ထက် လဲ ဆက် ရင်ခွင်ထဲက ခွာပြီး မျက်ရည် တေကို သုတ်လိုက်ပြီး ဆက် ကို ရှက်ပြုံးလေး ပြုံးပြလိုက်မိတယ်.. .
"ငါပျော်လို့ ကျတဲ့မျက်ရည်တေပါ...ဧကရာဇ် ရယ် ငါပြန်တော့မယ် နော်"
"အင်း အင်း မိုးလဲချုပ်နေပြီ ပြန်တော့နော်"
"အန်တီလင်းကို နောက်မှလာလည်တော့မယ်လို့ ပြောပေးဦး."
"အေးပါဟာ "
သိမ့်ထက်ကားလေးအနားက ထွက်သွားပြီဆိုတာနဲ့ ဆက် လဲ ရှင်း မျက်နှာကို တချက်တောင် လှည့်မကြည့်ပဲ အိမ်ထဲကို ၀င်သွားလိုက် တယ်..
ငါအခုချိန်မှာ မင်း ကို ဘာစကားပြောရမှန်း
မသိသေးဘူး ရှင်း....
ဝမ်းနည်းရိပ်တေရှိနေမဲ့ မင်းမျက်ဝန်းတေ..
ငါ့ကို စိတ်ဆိုးနေမဲ့ မင်းပုံစံ...
ငါ့ဆီက ဖြေရှင်းချက်တေကို မျှော်လင့်နေမဲ့..
အပြစ်ကင်းတဲ့ မင်းကို..
ငါ အခုချိန်မှာ ရင်မဆိုင်နိုင်သေးဘူး ရှင်း...~~~~~~~~~~~~~~~~~~~~~~~~~~~~
သိမ့်ထက်နဲ့ အပြင်သွားပြီးပြန်လာထဲက ဆက် က ရှင်း ကိုအမြဲရှောင် နေတယ်။
ဘာအလုပ်မှလဲ ခေါ်မခိုင်းဘူး..ကျောင်းကိုလဲ အတူတူ မသွားဘူး။
ဆက် ဘာလို့အာ့လိုဖြစ်သွားတာလဲ ရှင်း စဉ်းစားလို့မရခဲ့ဘူး။
တကယ်စိတ်ဆိုးသင့်တာက ရှင်း ဖြစ်ရမှာ မဟုတ်ဘူးလား။
အခုနှစ်ရက်အတွင်း သူ့ကိုသေချာမတွေ့ရတာကြောင့် စိတ်ဆိုးနေတာထက် လွမ်းနေတဲ့ ဒုက္ခ က ပိုလို့ဆိုးနေပြီ ....
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light