Ep-(17)

20.4K 1.2K 11
                                    

ငါအခုချိန်​မှာ သိမ့်​ထက်​အ​ပေါ်​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံ​ပေးရမယ်​...
ဒါမှ ​နောင်​တစ်​ချိန်​ ငါ့ကို သူနားလည်​​ပေးနိုင်​မှာ.
အခုချိန်​​လေးပဲ သူမ ​ပျော်​​အောင်​ ငါလုပ်​​ပေးတာ

မင်းကို​တော့ တဘ၀လုံး ​ပျော်​ရ​အောင်​ ငါဖန်​တီး​ပေးမှာ....ရှင်း...

သိမ့်​ထက်​ကို taxi နဲ့ လိုက်​ပို့​ပေးပြီး​တော့..
အိမ်​မြန်​မြန်​ပြန်​လာခဲ့တယ်​...

"​ဒေါ်တုတ်​ ​ရေ ရှင်း ကို သံသရာ ရည်​ချဉ်​ချဉ်​​လေး တစ်​ခွက်​​ဖျော်​ပြီး ကျွန်​​တော်​အခန်းကို လာခဲ့ဖို့ သွား​ပြော​ပေးပါ"

ဒေါ်တုတ်​နဲ့ ​ခေါ်ခိုင်းလိုက်​တာ​ကြောင့်​ ဆက်​ အတွက်​ သံပရာရည်​ တစ်​ခွက်​​ဖျော်​ပြီး ဆက်​ အခန်းထဲကို ရှင်း သွားလိုက်​တယ်​...

"၀င်​ခဲ့ပြီ​နော်​"

"အလဲ့ ဘာစိတ်​ကူး​တေ​ပေါက်​ပြီး မင်းက သနပ်​ခါး ​တေဘာ​တေလိမ်းထားရတာလဲ"

ရှင်း အိမ်​ပြန်​​ရောက်​​ရေမိုးချိုးပြီး ငယ်ငယ်​က တစ်​​ယောက်​တစ်​လှည့်​ သနပ်​ခါးလိမ်း​ပေးတာကို သတိရပြီး သနပ်​ခါး ပါးပါး​လေး လိမ်းထားမိခြင်းပါ...

"မင်း ကို သတိရလို့​ပေါ့"

"ဘာမှမဆိုင်​တာ​တေ​ပြောပြန်​ပြီ"

"ဆက်​ ​ရေအမြန်​သွားချိုး​လေ ပြီးရင်​ ငါသနပ်​ခါးလိမ်း​ပေးမယ်​"

"​တော်​ပါကွာ မင်းဘာသာလိမ်း ငါမလိမ်းချင်​ဘူး"

"ငါ လိမ်း​ပေးချင်​လို့ပါကွာ"

ရှင်း နဲ့​တော့ခက်​ပြီ...
ချက်​ချင်း မျက်​နှာက​ပြောင်းသွားရလား...
မျက်​နှာငယ်​​လေးနဲ့ သနပ်​ခါး ​လေးနဲ့ ချစ်​စရာ​တော့ ​ကောင်းသား ဟီး....

"မျက်​နှာကလဲကွာ ငါအပြင်​ကပြန်​လာပြီး အ​မောမ​ပြေရပါလား ဟုပြီ ငါ​ရေချိုးပြီးရင်​ ငယ်​ငယ်​ကလို ၀လုံး ​လေး​တေ လိမ်းမယ်​​နော်​"

"အာ့​တေ​ကြောင့်​ချစ်​​နေရတာ..."

ရှင်း က​တော့ ​ပြောလဲ ​ပြော ...
လက်​​တေကလဲ ဆက်​ ရဲ့ နှာ​ခေါင်း ​လေးကို ဖြစ်​ညှစ်​ဆွဲလိုက်​တယ်​...
ဆက်​ က​တော့ ရှက်​​နေပြီ ....

SERVANT Where stories live. Discover now