Ep-(33)

15.4K 1K 30
                                    

Taxi နဲ့အိမ်​ပြန်​လာခဲ့တယ်​ ။ရောက်​​ရောက်​ချင်း အခန်းထဲကိုတန်းသွားပြီး ကုတင်​​ပေါ်ပစ်​လှဲအိပ်​ချလိုက်​တယ်​။အာ့​နောက်​မှာ ကျဆင်းလာတဲ့ မျက်​ရည်​​တေက အိပ်​ယာခင်း​ပေါ်ထိစိုစွတ်​​စေတယ်​။

ငါနဲ့သိမ့်​ထက်​ကို အခုလိုမြင်​​နေရတာကို..မင်းအာ့​လောက်​ခံစား​နေရပြီဆိုရင်​ ...မင်းတို့ကုတင်​​ပေါ်က ပုံ​တေမြင်​ရတဲ့ ငါက ​ရော..?

မင်း​ကြောင့်​ ကိုယ့်​ကိုယ်​ကို အဆုံးစီရင်​​စေပြီး ​ဆေးရုံတက်​​နေရတဲ့အချိန်​....ရူးမတတ်​မင်းကို​မျှော်​လင့်​​တောင့်​တ​နေတဲ့အချိန်​မှာ ...မင်းက မိန်းမတစ်​​ယောက်​ နဲ့ အတူရှိ​နေတာကို သိလိုက်​ရတဲ့အချိန်​မှာ ...ငါနှလုံးသား ကမ္ဘာ ပျက်​​နေရပြီ။

ငါကမင်းခံစားချက်​ကိုမကြည့်​တာလား..
မင်းကငါ့ခံစားချက်​ကိုမမြင်​ခဲ့တာလား.....

ဒေါက်​ ​ဒေါက်

" အကို​လေးဧကရာဇ်​ ရှင်းခန့်​ပိုင်​က အကို​လေးနဲ့​တွေ့ချင်​လို့​တဲ့.."

ရှင်းခန့်​ပိုင်​ ကအရင်​လို ဆက်​တို့ အိမ်​ထဲ ၀င်​ချင်​တိုင်း ၀င်​လို့မရ​တော့ဘူး။ဆက်​ဧကရာဇ်​ ခွင့်​ပြုမှ ဆက်​ တို့အိမ်​ထဲဝင်​ရမယ်​ဆိုတာမျိုးကို သတ်​မှတ်​ထားတယ်​။

"ကျွန်​​တော် အိပ်​​နေပြီလို့​ပြောလိုက်​ ​ဒေါ်တုတ်​.."

အခုချိန်​မှာ  ရှင်း ရဲ့ မျက်​နှာကိုမမြင်​ချင်​ဘူး...ရှင်း နဲ့ လဲ မ​တွေ့ချင်​ဘူး ...စကားလဲ မ​ပြောချင်​ဘူး တစ်​​ယောက်​ထဲပဲ ​နေချင်​တယ်​.. .။

"အကို​လေး ဧကရာဇ်​ က အိပ်​​နေပြီ..."

ရှင်းခန့်​ပိုင်​ သိ​နေပါတယ်​.. .ဆက်​ က သူ့ကို မ​တွေ့ချင်​လို့ အာ့လို​ပြောလိုက်​တယ်​ဆိုတာ..။

စိတ်​ပျက်​လက်​ပျက်​နဲ့သာ တိုက်​ပု​လေးကို ပြန်​လာခဲ့ရ​တော့တယ်​။ လွယ်​အိတ်​ထဲက ဖုန်းကိုထုတ်​ပြီး ဆက်​ ဆီကို အကြိမ်​ကြိမ်​ ဖုန်း​ခေါ်ကြည့်​​ပေမဲ့လဲ မကိုင်​လာခဲ့ပါဘူး...။

"ဖုန်းကိုင်​ပါကွာ.. .ငါ မင်းကိုရှင်းပြရမယ်​..မင်းထင်​​နေသလိုမျိုး မဟုတ်​ဘူး ဆိုတာ ငါရှင်းပြချင်​တယ်​ ဆက်​ ရာ...အာ့တာ တကယ်​မဟုတ်​ပါဘူးကွာ.. ..ငါ့ကိုယုံ​ပေးပါကွာ.....။"

SERVANT Where stories live. Discover now