ရှင်းခန့်ပိုင် အိပ်ယာက နိုးလာတော့ ဘေးမှာအိပ်နေတဲ့ ဆက်ဧကရာဇ် ကိုအရင်ကြည့်လိုက်တယ်...ဆက် မျက်လုံး လေးတေမှိတ်ထားတယ်..အိပ်နေသေးလား နိုးနေပြီလားဆိုတာသိချင်လို့ ဆက် ရဲ့မျက်နှာရှေ့မှာ ရှင်း လက်တစ်ဖက်ကို ဝှေ့ ယမ်း လိုက်တယ်...ဆက်ဧကရာဇ် တုပ်တုပ်မှမလှုပ်တာကြောင့် သူအိပ်နေတာ သေချာပြီဆိုပြီး ရှင်းခန့်ပိုင် လဲ အိပ်ယာကထပြီး ထိုင်လိုက်တုန်းပဲ ရှိသေးတယ်.. .ရှင်းခန့်ပိုင် ပေါင်ပေါ်ကို ဆက်ဧကရာဇ် ခြေထောက်နှစ်ချောင်းလုံး ပစ်တင်လိုက်တယ်.........။
"ဆက်......."
"ဘယ်သွားမလို့လဲ.. ..ရှင်းခန့်ပိုင်.. ."
ဆက် က သူ့ရဲ့လက်နှစ်ဖက်ကို ခေါင်းအနောက်ဘက်မှာထားပြီး မကြည်ကြည့်နဲ့ ကြည့်ပြီး ရှင်းခန့်ပိုင် ကို မေးလိုက်တယ်။
"အိပ်နေပြီထင်နေတာ ..နိုးနေပါလား..ရေသွားချိုးမလို့လေ......"
"ဟိုသူဌေးကောင်နဲ့ သွားတွေ့မှာမဟုတ်ဘူးလား....."
"လုပ်ပြန်ပြီ ကွာ...မနေ့ကထဲက ရှင်းပြထားတယ်လေကွာ...ဒီနေ့ ကိုကျော်စွာ မွေးနေ့မို့သွားရမဲ့အကြောင်းကို ....."
ဆက် က အိပ်နေရာကနေ ထထိုင်လိုက်ပြီး ရှင်းခန့်ပိုင် အပေါ်တင်ထားတဲ့ ခြေထောက်တေကိုလဲ အောက်ပြန်ချလိုက်တယ်။
"မင်းအတွက်အာ့လောက်တောင် အရေးကြီးနေလား မသွားလို့မဖြစ်ဘူးလား...."
"သူနဲ့အတူသွားတာမကြိုက်ရင်လဲ ဆက် ကို လိုက်ခဲ့လို့ပြောတယ်လေကွာ....လိုက်ဆိုလဲ မလိုက်ပဲနဲ့ကို အကို့ကိုကလဲ ပြောပြီးသား လာမယ်လို့ကတိပေးပြီးသားဖြစ်နေတယ်လေကွာ ...အာ့ကြောင့် မို့ ပြသာနာ မရှာပါနဲ့တော့ကွာ....."
"ငါက သူ့အခွက်ကြီးကို လိုက်ပြီး ကြည့်ရဦးမှာလား မလိုက်ချင်ပါဘူး..."
ဆိုပြီး ဆက် ကပြောလိုက်တော့ ရှင်းခန့်ပိုင် ချက်ချင်းမျက်နှာက ပျက်သွားတယ်။
KAMU SEDANG MEMBACA
SERVANT
Romansaမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light