"ဆက် ရာ....."
ရှင်း ကို လုံးဝမလွှတ်ပဲ ဖက်ထားတယ်...
ရှင်း ရဲ့ခါးတေမှာ ဖက်တွယ်ထားတဲ့ ဆက်ရဲ့ လက်နှစ်ဖက်ကိုတောင် ပြန်ချိတ်ထားလိုက်သေးတယ်....လုံးဝမလွှတ်ပေးဘူးဆိုတဲ့သဘောနဲ့ ရှင်း ရဲ့ ရင်ခွင်ထဲကို ဆက် ရဲ့ ခေါင်းလေးက ပိုလို့ တိုးဝင်လာတယ်....ရှိုက်သံအောင်ထွက်အောင် ငိုနေတဲ့ ဆက် ကို ဘယ်လိုမှတွန်းဖယ်လို့ မရခဲ့ဘူး။ငါ့ကို စိတ်ဖြောင့်ဖြောင့်နဲ့မသွားရအောင် မလုပ်ပါနဲ့ ဆက် ရယ်....
ထပ်ပြီးတော့...
ငါ့ရဲ့ နှလုံးသားကို မင်းရဲ့ သံယောဇဉ်ကြိုးတေနဲ့ ထပ်ပြီး မချည်နှောင်ပါနဲ့တော့....
အရင်ထဲက ရစ်ပတ်ထားတဲ့ ကြိုးတေတောင်ဖျက်ချလို့ မရတာ ထပ်ပြီး ခိုင်မာအောင် မချည်ပေးပါနဲ့တော့ကွာ.....
ငါတို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်တော့ဘူး ဆက် ရာ...."ဆက် လွှတ်ဦးကွာ ...အရမ်းမငိုပါနဲ့တော့ မင်းခေါင်းတေကိုက်နေလိမ့်မယ်လေ ..."
"မင်း ငါ့ ကို ဟင့် ဘယ်တော့မှ မထားခဲ့ ဟင့် ပါဘူးလို့ ပြောမှ လွှတ် ဟင့် ပေးမယ်..."
ပြောရင်းတောင် ငိုနေရလားကွာ....
"အရင်ဆုံး မင်းမျက်နှာလေးကို ငါကြည့်ပါရစေ ..ငါအခုထိမင်း မျက်နှာလေး ကို မကြည့်ရသေးဘူး ငါတစ်နေ့လုံး မင်းကို လွမ်းနေတာ..."
ထိုအခါမှ ရှင်း ရဲ့ ခါးမှာ ဖက်တွယ်ထားတဲ့ လက်တေကို ဖြေးဖြေးချင်းလွှတ်ပေးလိုက်တယ် မျက်နှာလေးက ရှင်း ကို မော့ကြည့်လာတော့မှ နှာခေါင်းမှာရော မျက်လုံးဝိုင်းလေးတေပါ နီရဲနေတာကို ရှင်း တွေ့လိုက်ရတယ်.. .။
ဆက် ကို ကုတင်ပေါ်ထိုင်ခိုင်းလိုက်ပြီး..ရှင်း လဲ ဆက် ရဲ့ ဘေးမှာထိုင်လိုက်တယ်...
"ဘာလို့အာ့လောက်ထိ ငိုရတာလဲ ခေါင်းတေကိုက်တော့မှာပဲ မျက်လုံး တေလဲ ရဲနေပြီကွာ"
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light