ကိုယ့်ဘ၀က အထီးကျန်ခဲ့တယ်....
မိသားစု တေကြားမှာရှိတဲ့ နွေးထွေးမှု ပျော်ရွှင်မှုတေကို မသိခဲ့ရဘူး.. ..
သူငယ်ချင်း အပေါင်းအသင်း တေနဲ့အတူ ပျော်ပျော်ပါးပါးဆော့ကစား ရတဲ့ ခံစားချက်တေကို မသိခဲ့ရဘူး.. ...ကိုယ်ဖြစ်ချင်တဲ့ ဘ၀ပုံစံကို
မတည်ဆောက်ခဲ့ရဘူး.. .
သူများကပေးတဲ့ အကူအညီ အထောက်အပံ့နဲ့ နေ့ရက်တေတိုင်းကို အသက်ရှုခဲ့ရတယ်။ကိုယ့်ဘ၀ကို မပိုင်ခဲ့ရဘူး...
သူ့အတွက် ကိုယ်က အရုပ်တစ်ရုပ်သာဖြစ်ခဲ့ရတယ်...သူ့အတွက် ကိုယ်ကအစေခံတစ်ယောက် ဖြစ်ခဲ့ရတယ်.. ..နာကျင်မှုပေါင်းများစွာ သူပေးခဲ့ဖူးတယ်..
ဒဏ်ရာပေါင်းများစွာ သူပေးခဲ့ဖူးတယ်..
အာ့လိုပုံစံတေနဲ့ ကိုယ့်ဘ၀ထဲကို...
သူဝင်ရောက်လာခဲ့တယ်..........
သူ့ ကိုမှ ချစ်မိခဲ့တယ်.........။ရင်ခုန်သံတေကို ကြားတတ်လာတယ်...
ကြည်နူးမှု ပျော်ရွှင်မှုတေလဲ သူ့ဆီကပဲ..
အကြိမ်ကြိမ် ထပ်ပြီးရခဲ့တယ်.....
ကိုယ့်နှလုံးသားရဲ့ နက်နက်နဲနဲထိကို...
သူဝင်ရောက်နေရာယူခဲ့တယ်.....အထီးကျန်အဖော်ကင်းမဲ့လွန်းတဲ့ ကိုယ့်ဘ၀မှာ..
သူက အရာရာ ဖြစ်လာခဲ့တယ်...
ကိုယ့်ဘ၀ရဲ့ အလင်းရောင်က ...
သူဖြစ်ခဲ့တယ်....
တစ်ယောက်ကို တစ်ယောက် သစ္စာ ရှိစွာ
ချစ်ခဲ့ကြတယ်....
တစ်ယောက် ကို တစ်ယောက်...
နားလည်မှု တေယုံကြည်မှုတေ...
အပြည့်အ၀ ထားပြီး ချစ်ခဲ့ကြတယ်.. ..ဒါပေမဲ့ ကိုယ့်ကိုထားရက်ခဲ့တယ်။
ငါ့ဘ၀ရဲ့ အရာရာဖြစ်တဲ့ မင်း....
ငါရဲ့ မိသားစု လဲဖြစ်တဲ့ မင်း...
ငါ့ရဲ့ သူငယ်ချင်း လဲဖြစ်တဲ့မင်း...
ငါ့ ယုံကြည်ခဲ့ရတဲ့မင်း...
ငါ့ ချစ်သူဖြစ်ခဲ့တဲ့ မင်း...
ငါ ချစ် ခဲ့ရတဲ့ မင်းက....
ငါ့ကို ထားရက်ခဲ့ပြီ.....
ရိုးရိုးထားခဲ့တာမဟုတ်ပဲ တစ်ခြားတစ်ယောက်ကို ရွေးချယ် ပြီး ငါ့ကိုထားခဲ့တာ...မုန်းချင်တယ်.. မင်းကိုမုန်းလိုက်ချင်တယ်..
ဒါပေမဲ့ ငါမမုန်းနိုင်ခဲ့ဘူး..
.ငါမင်းကို..မုန်းလို့မရခဲ့ဘူး....
အာ့အချိန်မှာ တစ်ခုထဲသော ဆုံးဖြတ်ချက် ကိုငါချမိတယ်....ငါပျောက်ကွယ်သွားလိုက်တာ အကောင်းဆုံးပါပဲ........
VOCÊ ESTÁ LENDO
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light