"တောက်...."
ဘာကို ဒေါသထွက်လို့ထွက်မှန်းမသိ...
ဘယ်သူ့ကိုစိတ်တိုလို့ တိုမှန်းမသိ.. .
တောက် တစ်ချက်ခေါက်ပြီး လင်းမြတ် အိမ်ကနေ ရှင်းခန့်ပိုင် ပြန်ထွက်လာခဲ့တယ်....။အိမ်ပြန်ဖို့ taxi တစ်စီးငှါးပြီး ကားပေါ်ရောက်တော့ လင်းမြတ်ဆီကို ဖုန်းခေါ်လိုက်တယ် ။
"ရှင်းခန့်ပိုင် မင်း ပြန်သွားတာလား ဘာဖြစ်ကျတာလဲကွာ..."
"သူငါ့ကို မတွေ့ချင်မမြင်ချင်ဘူး ထင်ပါတယ် ကွာ အာ့ကြောင့်ငါလဲထွက်လာလိုက်တာ..ပြီးတော့ ငါအကူညီလေးတောင်းစရာရှိလို့ ဒီညသူစားဖို့ တစ်ခုခုလုပ်ပေးလိုက်ပါနော် ပြီးတော့ သူ့အနာတေလဲ ဆေးထည့်ပေးပေးပါနော်...ပြီးတော့ နောက်ကို သူအာ့လိုရန်မဖစ်အောင် မင်းတို့ကပဲ တားပေးပါဦးကွာ..."
"ကျစ် မင်းကွာ ဧကရာဇ် ကို ပြတ်နိုင်တာလဲ မဟုပဲနဲ့ကို အာ့လောက်စိတ်မချဖြစ်နေရင် ပြန်လာခဲ့ပါလားကွာ.."
"ငါအကူညီတောင်းတာတေသာလုပ်ပေးပါကွာ"
"အေးအေး လုပ်နိုင်သလောက်တော့ လုပ်ပေးမယ် သူရန်ဖစ်တာတေထပ်လုပ်ရင်တော့ မင်းဘာသာလာတားကွာ.."
~~~~~~~~~~~~~~~~~~~~~~~~~~
ညက တော်တော်နဲ့ အိပ်မပျော်တာကြောင့် ရှင်းခန့်ပိုင် ကျောင်းနောက်ကျနေတော့တယ်။
ဗိုက်ဆာနေပေမဲ့လဲ ကျောင်းနောက်ကျနေတာကြောင့် စာသင်ဆောင်ဘက်ကိုပဲ အရင်လာခဲ့တယ်။စာသင်ဆောင်ရောက်ခါနီးမှာ သိမ့်ထက်ကို တွေ့လိုက်ရတယ်.. .ဆက် ကို တော့ မတွေ့မိဘူး။ရှင်း လဲ သိမ့်ထက် နဲ့ ပြောစရာ စကားမရှိတာကြောင့် မသိချင်ယောင်ဆောင်ပြီး ဆက်သွားပေမဲ့ သိမ့်ထက်က ရှင်း ရဲ့ အရှေ့တည့်တည့် က လာရပ်တယ်။
"ဘာလို့ ငါရှေ့မှာ လာပိတ်ရပ်တာလဲ.."
"ငါတို့ စကားပြောရအောင် "
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light