2

9.7K 544 3
                                    

အကောင်းစားပိုးသားဝတ်စုံလှလှနှင့် နက်ပြောင်နေသောဆံနွယ်ရှည်တွေ လှပတင့်တယ်သည့် ဆံထိုးတို့နှင့်   လျှောက်လှမ်း လာသူကို ချူးဟန် တမေ့တမောကြည့်နေမိသည်။ ခပ်ရေးရေးအပြုံးတစ်ခုကိုလည်းး ချိတ်ဆွဲထားလေသောသူမ သည် တင့်တယ်ခြင်းတို့နှင့်ပြည့်စုံနေ၏။ အနားကို ဖြတ်လျှောက်လာတော့မှ ချူးဟန် အသိဝင်လာသည်။

“မိန်ရွှယ်..”

“အင်း ချူးဟန်..”

ရှန့်လင်ကျောင်း၏ အလှဘုရင်မ က ရပ်ပြီးတော့ စကားပြန်ပြောပါသည်။ ပေါင်းလာသည့် နှစ်တွေလည်း နည်းမှ မနည်းပဲကိုး။

“နင် သိပ်လှတယ်။”

“ဘာလဲ ?? ငါ့ကိုတွေ့တိုင်း ဒါပဲ ပြောစရာရှိတာလား??”

မခို့တရို့အပြုံးလေးနှင့်သူမသည် လူကို တကယ်ပဲ ဆွဲဆောင်နိုင်လွန်းသည်။

“မဟုတ်ပါဘူး ။ ဒါပေမယ့် နင့်ကိုတွေ့တာနဲ့ အဲ့ဒါတော့ ပြောချင်နေတာခက်တယ်။”

ချူးဟန်၏ စကားတွေသည် အမြဲတမ်းဘယ်ကိုဦးတည်နေမှန်းသိသည်။ သို့သော် စကားစလာလေတိုင်း မိန်ရွှယ် ဘက်က အမြဲ ထိန်းသိမ်းပြောကာ စကားစဖြတ်ခဲ့လေ၏။ သူမ ကို အသည်းအသန်သဘောကျနေသူ မှန်းလည်းသိသလို သူမ စိတ်စေတိုင်း မညှိုးနွမ်းစေသည့်သူမှန်းလည်း သိသည်. .သို့ပေမယ့်လည်း ချူးဟန်ကို ပေးစရာ ရင်ထဲမှာဘာမျှ ရှိမလာသေး ။

ထိုစဉ် မျက်လုံးထောင့်ကနေ  လွီလျိူ ကိုတွေ့လိုက်ရသည်။ မိန်ရွှယ် မျက်လုံးလေးတွေ လက်ခနဲဖြစ်သွားကာ--

“ငါ သွားလိုက်ဦးမယ်နော်”

ချူးဟန် ဆီက စကားပြန်လာတာကိုတောင်မစောင့် ဘယ်ကိုသွားလိုက်မှန်း သိပါသည်။ ခဏနေတော့ မင်းသားလွီလျိူနှင့် မိန်ရွှယ် နှစ်ယောက်သား စကားတပြောပြောနှင့် ကျောင်းဆောင်တွေဘက်လျှောက်သွားတာတွေ့၏။ ချူးဟန် သက်ပြင်းချမိပါသည်။ မိန်ရွှယ် က သူ့အပေါ်ဘာကြောင့် သဘောမကျလဲ တကယ်မသိ.။ အမတ်ချူပ်ကြီးသားဖြစ်ပေမယ့် အားလုံးနှင့်လိုက်လျောညီထွေ ဆက်ဆံတတ်သော သူ့ကို အားလုံးက ကျောင်း၏ နာမည်ကြီး မင်းသား လွီလျိူ ထက်ပိုပြီး ခင်မင် အရေးပေးတတ်ကြသည်။ သို့ပေမယ့်လည်း မိန်းကလေးတို့၏ စိတ်သည် မာနလွှမ်းကာခမ်းနားထည်ဝါမှုကို ကြိုက်နှစ်သက်ကြသည်လေလား။

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now