30

2.5K 405 26
                                    

Part-30

မင်းသား လွီလျို ကို သူလှျှိုတို့နှင့်ပူးပေါင်းမှု-တိုင်းပြည်ပုန်ကန်ရန်ကြိုးပမ်းမှုတို့ဖြင့်ဖမ်းဆီးချူပ်နှောင်ခဲ့ကြသည်။မှော်ဆရာကို လည်း ပူပေါင်းကြံစည်သူအဖြင့် ဖမ်းဆီးသလို ကိစ္စအရပ်ရပ်သည် ချက်ချင်းဆိုသလို အလုံးစုံပေါ်ပေါက်လာခဲ့သည်မှာ နဂါးမင်းသား၏ စနက်လည်း အဓိက ပါသည်။ ကြင်ယာတော် ကိုထိသဖြင့် ဒေါသမာန်ပြင်းနေသော လုံချိုင်၏အသွင်ကိုပြန်လည်မြင်မိကာ ရှောင်ဟုန်ယွီ ပြုံးမိသည်။ ပုရင် က ချစ်ပေးမည့်သူ လက်ထဲ ပျော်ရွှင်နေကောင်းပါရဲ့။

ကုတင်ပေါ်တွင် မှေးစက်နေသည့် ချူးဟန် ၏ဘေးတွင် ဖြည်းဖြည်လေးဝင်ထိုင်လိုက်သည်။ဒဏ်ရာဒဏ်ချက်တွေနှင့် ချစ်ရသူ ၏ မျက်နှာကိုဖွဖွလေးကိုင်တွယ်မိ၏။

"အိပ်ပျော်နေတာပဲကောင်းပါတယ် ချူးဟန်.။ကျွန်တော် ဒီတစ်ခါ ပြန်သွားရင် ပြန်လာရမလား မသေချာဘူး။တစ်ခါတည်းလည်း ဘဝအဆုံးသတ်သွားနိုင်သလို ဘယ်တော့မှ ပြန်မတွေ့ရဖို့လည်းဖြစ်သွားနိုင်တယ်။ မခွဲရက်ဘူး- ချူးဟန်.။ဒါပေမယ့် ကျွန်တော်တို့က နဂိုကတည်းက တူမှမတူညီကြဘဲလေ.။ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ် ။ချူးဟန်အနားနေရဖို့ အကောင်းဆုံးကြိုးစားပြီးတော့ ပြန်လာခဲ့မယ်နော်။"

အိပ်ပျော်နေသော်ငြား မသိစိတ်ကြောင့်ထင်သည်။ချူးဟန်၏ မျက်ဝန်းထောင့်မှ မျက်ရည်တချို့စီးကျလာတော့သည်။ ရှောင်ဟုန်ယွီ ကိုယ်တိုင်သည်လည်းမျက်ရည်စတို့ဖြင့်သာ။ ချူးဟန်၏ နှုတ်ခမ်းကိုဖွဖွလေးငုံ့နမ်းလိုက်ပြီးမှ မျက်ဝန်းထောင့် ကမျက်ရည်စတို့ကိုသာသာလေးဖယ်ရှားပေးလိုက်၏။

"ရှောင်ဟုန်ယွီလေး--နား နေပါဆိုကွယ်. ဘယ်လိုလုပ်ဒီဘက်ရောက်လာတာလဲ"

ရန်ကတော်၏ နောက်တွင် သစ်သားဗန်းလေးဖြင့် ဆေးရည်ကိုင်ဆောင်လာသည့် အစေခံမိန်းကလေးတစ်ဦးလည်းပါသည်။ အိပ်ရာပေါ်တွင် မှေးစက်နေသည့် ချူးဟန်ကိုကြည့်ပြီး ရှောင်ဟုန်ယွီ ကိုကြင်နာစွာဆိုလာတော့ သူ မျက်နှာပြင်လျက် ပြုံးပြလိုက်၏။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး။ချူးဟန် နေသာရဲ့လားလာကြည့်တာပါ။ခု ပဲ ပြန်ရတော့မှာ.။သူ နိုးလာရင် ကျွန်တော့်ကိုလာမရှာပါနဲ့။ကျွန်တော်လာရှာမယ်လို့ပြောပေးပါနော်.။"

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now