Part-16
“ကိစ္စအားလုံး က မင်းသားကျိူရန် ကြောင့် အဆင်ပြေသွားခဲ့တာပါ မင်းကြီး။ကျွန်တော် ဘာမှ ထွေထွေထူးထူးမလုပ်ရပါဘူး”
“ဘယ်ဟုတ်မလဲ အထူးတမန်တော် လမ်းစဖော်ပေးလို့သာ ကျိူရန်က စွမ်းဆောင်နိုင်တာပါ .”
“မခံယူဝံ့ပါဘူးခင်ဗျ”
ကျိူးကျိူးနွံနွံရှိလှသည့် ရှောင်ဟုန်ယွီ ကို မြောက်ဘက်နဂါးမင်းကြီးက ပြုံးပြီးကြည့်နေသည်။ရှောင်ဟုန်ယွီ က သူလုပ်ခဲ့ သည့် ကိစ္စများမှန်လျှင်တောင်အကျိူးထူးမယူဘဲ ငြိမ်နေတတ်သည့် ငါးကလေးဖြစ်သည်။ယခုလည်း ကျိူရန် ၏စွမ်းဆောင်မှု ဟုသာ သူက အမွှန်းတင်နေခဲ့သည်။
“ကဲ တော်ပါပြီ အားလုံးစွမ်းဆောင်ခဲ့တာပါ။ ပြီးတော့ကျွန်မ အသက်ကို ကယ်တင်ခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။”
နဂါးမိဖုရားသည် က ထူထောင်စပြုလာပြီဖြစ်သည်။ နေမကောင်းဖြစ်ကာ အနည်းငယ် အားနည်းနေချိန်တွင် စိတ်လက်ပေါ့ပါး စေရန် ကုန်းပေါ်တက် ကာ လည်ပတ်ခိုက် သစ်ပင်စိမ်းမိစ္ဆာမှ အလစ်ဝင် စီးခဲ့ခြင်းဖြစ်သည်။အချိန်အနည်းငယ်များ ထပ်ကြာ ခဲ့လျှင် မိဖုရားသည် စွမ်းအား အလုံးစုံယုတ်လျော့လျက် သေကံရောက်ရတော့မည်ဖြစ်သည်.။ယခုတွင်တော့ စွမ်းအား ကူဖြည့်ပေးနိုင်သည့် ညလင်းပုလဲကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားပြီဖြစ်သည့်အတွက် ထူထောင်နှုန်းကမြန်ဆန်လေ သည်။
“ဒါဆို ကျွန်တော်တို့ကို ဒီနေ့ပဲ ပြန်ခွင့်ပြုပါ မင်းကြီး.”
“အမ် နေပါဦး မြောက်ဘက်နန်းတော်ကိုတောင်စုံအောင်လိုက်မပြရသေးဘူးလေ.”
ထိုစကားကိုတော့ဖြင့် ခုမှ ခန်းမဆောင်ထဲဝင်လာသည့် ကျိူရန် ကဆိုခြင်းဖြစ်သည်။ကျိူရန်နှင့်အတူ လုံချိူင်နှင့် နောက်က ပုရင် ပါ လိုက်ပါလာသည်။ရှောင်ဟုန်ယွီ ကိုမြင်တော့ ပုရင် မျက်လုံးလေးများ လက်ခနဲဖြစ်ကာ အနားကို ခပ်သုတ်သုတ်ရောက်လာ သည်။ အားလုံး နဂါးမင်းကြီးကို ဦးညွှတ်ကြ၏။
“နောက်များမှပေါ့ဗျာ ခုတော့ ဒေါ်လေးလည်းမျှော်နေလောက်ပြီဗျ.”
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...