3

5.4K 497 9
                                    

“မင်းသား--နဂါး  မင်းသား ။ ကျွန်တော် ရောက်ပါပြီ။”

အခန်းထဲကိုအသံပေးပြီးဝင်လာသော်ငြား နဂါးမင်းသား လုံချိူင်၏ အရိပ်အယောင်ကိုတောင် မတွေ့.။ နဂါးမင်းသားအတွက် ပြင်ဆင်ပေးထားသည့် အခန်းသည်ပုလဲများ ခရုခွံလေးများအပြင် ရေအောက်နာမည်ကြီး ကျောက်မျက်ရတနာများနှင့် အလှဆင်ထားသည်က ခမ်းနားလှပေသည်။ မကြာခဏရောက်ဖူးနေရသော အခန်းဖြစ်ပေမယ့် ပုရင် မျက်တောင်မခတ် တစ်ခုချင်းလိုက်ကြည့်မိပြန်သည်။

“လှလိုက်တာ.!!! မင်းသားဆိုတော့လည်း က်ိန်းခန်းကြီးပ.”

“ဘယ်သူ့ကိုပြောတာလဲ??”

“အယ့်”

ကျောနောက်နားက နီးနီးလေးထွက်လာသော အသံကြောင့် လန့်ကာ လှည့်လိုက်တော့ ပုရင် နောက်ပြန်ကျမလိုတောင် ဖြစ်သွားရသည်။ သို့သော်ငြား…လုံချိူင်၏ လက်သည် ပုရင် ခါးထက်မှာ.။ မျက်စိရှေ့ က မျက်စိသူငယ်နားသူငယ်ဖြစ်နေသော လိပ်ကလေးကို စနောက်ချင်လှသည်မို့ လုံချိူင် လွှတ်မပေးမိ.။ နည်းနည်းရုန်းလေ သူက လက်နှစ်ဖက်နှင့်ပိုးတိုးဖက်လေ.။

“မင်းသား..လွှတ်တော့လေ..။ ခိုင်းစရာရှိတယ်ဆိုလို့ ကျွန်တော် လာတာ.။”

မျက်နှာက အနည်းငယ်မသိမသာ ဆူပုတ်လာတော့မှ လုံချိူင်လွှတ်ပေးလိုက်သည်။ ထို့နောက် စားပွဲနားသို့သွားကာ တစ်ခုခုကို ယူလိုက်ပြီး ပုရင်ထံပစ်ပေးလိုက်သည်။ ပုရင် ခမျာ  ကမန်းကတန်းဖမ်းလိုက်ပြီးမှ မျက်နှာရှုံ့မဲ့သွားရ၏။ နဂါးအကြေးခွံတွေနှင့် သေချာ လုပ်ထားသည့် နဂါးပုဝါ.။

“လုပ်ပြန်ပြီ.။”

“ဘာပြောတာလဲ??”

“ဘာ--ဘာမှ မဟုတ်ပါဘူး။ ဒါ ကျွန်တော် သေချာပွတ်သုပ်ပေးရမှာပဲမလား.။”

“သေချာတာပေါ့ ထိုင်ပြီး အေးဆေးသုတ်ပါ..”

ပြောပြီး လုံချိူင်သည် ထိုင်ခုံထက်တွင် သက်တောင့်သက်သာထိုင်လျက် စာချွန်တွေကို ဖတ်နေလေ၏။ ပုရင် မသက်မသာမျက်နှာနှင့် ပုဝါ၏ အကြေးခွံတစ်ခုချင်းစီတိုင်းကို အ၀တ်သန့်သန့်နှင့် အကြာကြီးသုတ်ရပါဦးမည်။ ရောက်လာတိုင်း ဒီပုဝါကိုယူလာကာ ဘာကြောင့်များ သန့်ရှင်းခိုင်းတတ်မှန်းမသိ.။ နဂါးနန်းတော်တွင် ရိုက်သတ်မကုန်သော ခိုင်းစေသူတွေရှိပါလျက်နှင့် လန်မြစ်နန်းတော်ထိ ယူလာကာ ပုရင်ကိုသာ ခိုင်းတတ်သော လုံချိူင်ကို ပုရင်တောင် နားမလည်.။ အငြိမ်မနေတတ်သော ပုရင် အဖို့ ထိုင်လုပ်ရသည်က ပျင်းစ၇ာကောင်းလှသည်။ ထို့ပြင် အနားကပ်ကာ မထိတထိစနောက်တတ်သော နဂါးမင်းသားလုံချိူင်ကြောင့်လည်းစိတ်ညစ်ရသည်။ တစ်ခါတစ်လေ ပုရင် စိတ်ဆိုးမိသည်။ နဂါးမင်းသား စိတ်ထဲတွင် ပုရင်သည် စနောက်ကစားစရာ အကောင်ငယ်လေးး သက်သက်သည်လား?? သို့သော် ရေအောက်ဧကရာဇ်လောင်းလျာမို့ ပုရင် နည်းနည်းမှ အထွန့်မတက်ရဲပါလေ.။

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now