Part-24
ခန္ဓာကိုယ်တစ်ခုလုံးအားအင်ချိနဲ့လျက်နှင့် အသိဝင်လာချိန်တွင် ရှောင်ဟုန်ယွီ သည် လန်မြစ်နန်းတော်သို့ပြန်ရောက်နေခဲ့ပြီ။ သခင်မ နှင့် လုံယွဲ့ က သူသတိရလာသည်ကိုမြင်တော့ သလွန်အစွန်းနားထိ အလျင်အမြန်ရောက်လာကြသည်။
“ရှောင်ဟုန်ယွီ သက်သာရဲ့လား”
“အရူးလေး ဘယ်လိုလုပ် အဲ့လိုနေ နေခဲ့တာလဲ.။ဟင် စွမ်းအားတွေပျောက်တဲ့အထိ ဘာတွေလုပ်ခဲ့တာလဲလို့”
သခင်မ မျက်ရည်လည်တည်တည်နှင့်ဆိုတော့ စိတ်မပူစေရန် သူ ပြုံးပြလိုက်သည်။ ရှောင်ဟုန်ယွီ က လှဲနေရာမှ ထကာ ညောင်စောင်းကို မှီမည်ပြုတော့ ဒေါ်လေးက ကူတွဲပေးသေးသည်။
“ဒေါ်လေး သွားနားတော့လေ.။ကျွန်တော် ဘာမှမဖြစ်တော့ဘူး။စိတ်မပူပါနဲ့”
“ဟုတ်တယ် ဒေါ်လေး နားလိုက်ပါ.။ကျွန်မ စောင့်နေပါ့မယ်”
ရှောင်ဟုန်ယွီ သည်လည်းမျက်နှာလေးအတန်ငယ် လန်းလာပြီမို့ သခင်မ စိတ်ချလျက်ခေါင်းညိတ်ကာ အခန်းထဲမှ ထွက်သွား သည်။ လုံယွဲ့က ဘေးနားက ကျောက်ထိုင်ခုံတွင် ထိုင်သည်။
“ငါ မလာရင် နင်သေမှာသိလား ရှောင်ဟုန်ယွီ။ အဲ့လူသားက ဒီလောက်ရက်စက်တာ နင် သံယောဇဉ်ရှိနေတုန်းပဲလား ”
“ရုတ်တရက်ဆိုတော့ သူလည်းလန့်သွားတာပေါ့.။ငါ နားလည်ပါတယ်”
ခပ်အေးအေး သူ့မျက်နှာကိုကြည့်ကာ လုံယွဲ့ က အားမရ။
“သူ သေစေချင်လို့ပစ်ထားခဲ့တာပဲ.ငါသေသွားလည်းဘာမှမဖြစ်ဘူး။”
“ရှောင်ဟုန်ယွီ နင်--ကျွတ်..”
“ကျေးဇူးပြုပြီး မင်းသမီးလည်း အနားယူလိုက်ပါတော့ ။ကျွန်တော် တစ်ယောက်တည်းနေပါရစေ”
“ကောင်းပြီ ဒါပေမယ့် နင်မှတ်ထားရမှာက ငါတို့သေချာပေါက် မင်္ဂလာဆောင်ရမယ်ဆိုတာပဲ”
လုံယွဲ့ ထွက်သွားတော့မှ စောစောက မှီထားသည့်နေရာကနေ ပြန်လည်လျှောဆင်းကာ ပြန်လှဲနေလိုက်သည်။အခန်းတံခါးကို အနည်းငယ်ပြန်ရနေပြီဖြစ်သည့် စွမ်းအင်နှင့် မည်သူမှဝင်မလာနိုင်အောင်လှမ်းပိတ်လိုက်သည်။ ထို့နောက် ကိုယ်ကို တတ်နိုင် သလောက်ကျူံ့နိုင်သမျှ ကျူံ့နေမိသည်။
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...