ရှောင်ဟုန်ယွီ က ချူးဟန်လက်ကိုဆွဲလျက် ညဈေးခင်းထဲပြန်ဝင်လာခဲ့သည်.။ခုထိ ဆံထိုးရောင်းသည့်ဆိုင်ရှေ့တွင်ရှိနေဆဲ ဖြစ်သည့် လန်မိန်ရွှယ်ကို ချူးဟန်မမြင်အောင် ကိုယ်ဖြင့်ကာလိုက်ကာ--
“ဟို--ပေါက်စီစားချင်လို့ ချူးဟန် ဝယ်ပေးပါလား.။ငါ ဒီနားမှာပဲစောင့်နေမယ်”
“ကောင်းပြီ ခဏပဲစောင့်”
မိန်ရွှယ် ညွှန်ပြသည့်ဆိုင်ငယ်လေးထဲမှ ပေါက်စီနှစ်လုံးကို ဖက်ဖြင့်ထုတ်လာလျက် ပြန်ထွက်လာခဲ့သည်။ ခုနကနေရာတွင် မရှိသည်ကြောင့် ဝေ့ဝဲရှာကြည့်လိုက်တော့ မ်ိန်ရွှယ်က ခေါင်းတွင် အပြာရင့်ေ၇ာင်ဆံထိုးလေး ထိုးလျက် သူ့ရှေ့ ရောက် လာ သည်။
“အားနာတာ.။ငါ အရမ်းကြာသွားလား”
“အဲ့ဒါ ငါက ပြောရမှာ မိန်ရွှယ်ရဲ့.။အင့် ပေါက်စီ.”
“ကျေးဇူးပဲ.။ဒါနဲ့ ဒီဆံထိုးက ငါနဲ့လိုက်လားဟင်”
ယုံကြည်ချက်အပြည့်ဖြင့် မော့ကြည့်မေးလာသည့် သူမကို ချူးဟန် ပြုံးပြလိုက်သည်။
“နင်နဲ့မှ မလိုက်ရင် ဘယ်သူနဲ့မှမလိုက်တော့ဘူး။ လှတာထက်တောင်ပိုသေး”
“အပိုတွေ--”
ကျေနပ်နေသည့်ဟန်ဖြင့် မိန်ရွှယ်ကဆိုသည်။ ထိုစဉ် ကလေးငယ်လေး သည် ခပ်သုတ်သုတ်ပြေးလာ၏။
“ကိုကို--ခုနက ကိုကိုအငယ်လေး ဘယ်ရောက်သွားလဲဟင်..ကိုကိုအငယ်လေးက ဒီမမပုံစံနဲ့တူတူပဲ။ယောကျာ်းလေးကနေ မိန်းကလေးပုံစံပြောင်းသွားတာ.။ဒီမမက စောနကထဲက သားသားနားမှာရှိနေတာ.ကိုကိုနဲ့ပါသွားတာ ဒီမမ မဟုတ်ဘူး။”
တရစပ်လာပြောသည့်ကလေးငယ်၏ စကားကြောင့်နှစ်ယောက်လုံးကြောင်သွားရသည်။ကလေးမိခင်ဟုထင်ရသည့် အမျိူးသမီး တစ်ယောက်သည် အပြေးအလွှားရောက်လာပြန်သည်။
“တောင်းပန်ပါတယ်ရှင်.။သားသား ကဘာတွေလျှောက်ပြောနေလဲမသိဘူး။ ခုနကတည်းက တစ်ချိန်လုံး ယောကျာ်းလေး တစ်ယောက်က ဒီကမိန်းကလေးပုံစံပြောင်းပြီး သခင်လေးကို ခေါ်သွားတယ်ပဲပြောနေတာ.။ည--ည သူ့အဖေ ပြောတဲ့ပုံပြင်တွေနားထောင်ပြီး ထင်ယောင်ထင်မှားဖြစ်နေတယ်တူပါတယ် ။အားနာလိုက်တာရှင်။”
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...