25

3.3K 402 25
                                    

Part-25

“မျက်နှာကမလန်းပါလားသားရဲ့။ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး မေမေ. ညကအိပ်ရေးမဝလို့ပါ။”

မိခင်ဖြစ်သူ၏ ဂရုစိုက်ဖို့မှာကြားသံနှင့်အတူ ဖခင်ကတော့ အကြည့်တစ်ချက်တော့ပေးသည်။ ချူးဟန် ညက တစ်ရေးမှ အိပ် မပျော်ခဲ့ပါ။လက်လွတ်စပယ်ပစ်ထားမိခဲ့သည့် မျက်နှာနုငယ်ငယ်သည် အတွေးထဲတဝဲလည်လည် ခြောက်လှန့်နေသည့် အခါ. ကျောခိုင်းခဲ့လိုက်ပြီးမှရင်ဘတ်တစ်ခုလုံးဆုတ်ဖြဲခံရသလို နာကျင်ရသည့်အခါ ရောက်ရာနေရာကနေ အမြန်ပြန်ပြေးလာ ခဲ့သည်။ ချွေးသီးချွေးပေါက်တွေကျသည်အထိ မရပ်မနားပြေးလာပြီးနောက်  ရှောင်ဟုန်ယွီ ကိုအရူးတစ်ယောက်လို ရှာဖွေနေမိသည်။ သို့သော်အရိပ်အယောင်မှမတွေ့သည့်အခါလည်း တဖန် စိတ်အေးရပြန်ပါသည်။ တစ်ယောက်ယောက် သေချာပေါက် ကယ်တင် သွား တာပင်ဖြစ်ရမည်။

“သားလေး များများထည့်စားနော်.ဒါက ငါးပေါင်းလေး အရသာရှိတယ်။”

ရန်ကတော်က ချူးဟန် ပန်းကန်ထဲကို ငါးပေါင်းနွှာကာထည့်ပေးလာသည်။ အနံ့နှင့်တင် မွှေးကြိုင်နေသော ငါးဟင်းတစ်မည်က ချူးဟန်၏ ထမင်းပန်းကန်လုံးလေးပေါ်တွင်အရံသင့်။ တူကိုတင်းတင်းဆုပ်ကိုင်ကာ အားတင်းလိုက်သည်။ ငါး တစ်ကောင်နှင့်ပတ်သက်ပြီး ဘာကိုမှ စိတ်ထဲနင့်နဲနေစရာမလို။ငါးဟင်းကို ကောင်းကောင်းစားသင့်တာပေါ့.။ငါးဟင်းက ဘယ်လောက်တောင်အရသာရှိလိုက်သလဲ။ တူဖြင့် ငါးအသားကိုညှပ်ယူကာ နှုတ်ခမ်းနားတေ့လိုက်သည်။

ငါးဟင်းကိုမြင်လျှင် ဝမ်းပန်းတနည်းဖြစ်သွားသည့် ရှောင်ဟုန်ယွီ ၏မျက်နှာ။တစ်ခါက ငါးဟင်းကျွေးမိမလိုဖြစ်စဉ်က ဖြူစုတ်နေသည့်မျက်နှာလေးဖြင့် ရှိုက်သံမစဲခဲ့သည့် အသံတို့က နားထဲဝင်ရောက်လာသည်။ ပြီးတော့ တစ်သက်လုံး ငါးဟင်း မစားတော့ပါဘူးဟု သူ ဆိုခဲ့သည့် ကတိစကား..။

ပူလောင်လှသည့်သက်ပြင်းမောနှင့်အတူ တူကိုပြန်ချလိုက်မိပါတော့သည်။

“တောင်းပန်ပါတယ်ဖေဖေ နဲ့မေမေ.။ရင်ပြည့်နေလို့ မစားတော့ပါဘူး။ ကျောင်းပဲတန်းသွားလိုက်ပါတော့မယ်။”

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now