7

3.5K 432 13
                                        

စင်္ကြန်ဘေးက မြေကွက်လပ်လေးတွင် ချူးဟန် ၏ ဓားရေးတို့သည်အသက်ဝင်လှပနေခဲ့သည်.။အသက်ဝင်သော ဓားရေးလှုပ်ရှားမှုများအောက် ကိုယ်တိုင်လိုက်ပါစီးမြောနေမိရင်း သစ်ပင်ဆီဦးတည်လေတော့ ဓားဦးနေရာတွင် ၀င်လာသည့် အနီရောင်အရိပ်လေးကြောင့် ကမန်းကတန်းပြန်ဆုတ်လိုက်ရသည်.။
စိတ်လည်းဆိုးသွားရပါသည်။ အဘယ်သို့များ ဓားရေးကျင့်သည့်နေရာကို လက်လွတ်စပယ်.။

“ဘယ်သူလဲ .။ဘာလို့ အတင်းဝင်လာရတာလဲ ။ဓားကသေစေတတ်တယ်ကွ..”

ပြုံးကြည့်နေသော ကောင်လေး ကြောင့် စကားစတို့တောင်ရပ်တန့်သွားရသည်.။အပြစ်ပြောစရာမရှိနုနယ်ချောမောသည့် မျက်နှာလေးဖြင့် ထိုကောင်ငယ်လေးက ယောကျာ်းဆန်ဆန်လည်း ခန့်ညားနေသေးသည်.။သို့ပေမယ့် ချူးဟန် သိသည့် သူ မဟုတ်.။

“တောင်းပန်ပါတယ်။ ချူးဟန်--အဲ့--သခင်လေးရန် ဓားရေးကသိပ်လှလွန်းလို့ ကျွန်တော်သတိလက်လွတ်ငေးပြီးရောက်လာမိတာ.။”

“မင်းကဘယ်သူလဲ”

“ကျွန်တော် က ရန်ကတော်ဆီလာတဲ့ ကျွန်တော့်ဒေါ်လေးနဲ့လိုက်လာတာပါ.။ကျွန်တော်က ရှောင်ဟုန်ယွီ ပါ.။”

“ဟုတ်ကဲ့.။ဒါဆို ဧည့်ခန်းကို ကြွပါ.။”

ချူးဟန် ခေါ်ဆောင်လာသည့်နောက်တွင် အသာတကြည်ပါလာသော ကောင်လေးက ချူးဟန် နောက်လှည့်ကြည့်တိုင်း နှစ်ခြိုက်စွာ ပြုံးပြနေသည်မှာ ငယ်ကျွမ်းဆွေတွေလိုပင်.။

“ချူးဟန်~~ လာလေ.သား.။ မမကြီး.ဒါ ကျွန်မ သားလေးပါ.။”

ငါးသခင်မသည် ရန်ကတော်မိတ်ဆက်ပေးသည့် ချူးဟန်ကို အသာပြုံးပြရင်း နောက်ကပါလာသော ရှောင်ဟုန်ယွီကိုမြင်တော့ မျက်မှောင်ကြုံ့သွားရသည်.။

“ဒါက မေမေ ရဲ့ခေါင်းကိုက်ရောဂါကို တော်တော်လေးသက်သာအောင်ဆေးပေးတဲ့ မမကြီးယွီလန်ပါ..။”

“ဟုတ်ကဲ့.။တွေ့ရတာ ၀မ်းသာပါတယ် သခင်မယွီ.။”

“ရန်ကတော်ရဲ့ သားက တကယ်ကိုလူချောလေးပဲ.။ဒါနဲ့နောက်က ရှောင်ဟုန်ယွီက ဘယ်လိုဖြစ်ပြီး ဒီရောက်..”

မိုးမြေရေးသည့် ဖူးစာDonde viven las historias. Descúbrelo ahora