9

3.1K 383 5
                                    

ယနေ့ကျောင်းထဲ ၀င်ရသည့်ခံစားချက်က ချူးဟန် တစ်ကိုယ်လုံးကို လေထဲ မြောလွင့်နေသည့် ခံစားချက်ကို ပေးသည်။

“ရန်ချူးဟန်  မျက်နှာက ဘယ်လိုဖြစ်နေတာလဲ မချိူမချဉ်နဲ့.”

“အာ-၀မ်ကျား ။ စောလှချည်လား.”

၀မ်ကျားက သူ့ကို အံ့အားသင့်သလို စိတ်ပျက်စွာကြည့်သည်.။

“အတန်းချိန်စဖို့နည်းနည်းလေးပဲလိုတော့တာ.။နောက်ကျနေတာကွ..တကယ်ပါပဲ စိတ်နဲ့လူက မကပ်ဘူး.။ သွားမယ်..”

၀မ်ကျား ဘာပြောပြောခေါင်းတညိတ်ညိတ်နှင့် ချူးဟန်က နောက်ကလိုက်လာသည်.။ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ချင် သော်လည်း ငါတို့ချစ်နေရင်ပြီးရော.ဘယ်သူ့ကိုမှ ပြောမပြဖို့ တောင်းဆိုထားသည့် မ်ိန်ရွှယ်ကြောင့် သူ နှုတ်ဆိတ်နေလိုက်သည်.။ ဖြစ်သင့်ပါသည်လေ… ထောက်ခံသည့် မင်းသား တွေ မတူညီသည့် သူတို့နှစ်ဖက်က မိဘတွေ သိလျှင်လည်းကောင်းနိုင်မည့်လမ်းမဟုတ်သည်ကြောင့် ချစ်နေရရင် ပြီးပြီမလား.။

ညနေ အတန်းဆင်းချိန်ရောက်တော့ မိန်ရွှယ်အခန်းဘက်သို့စောင်းငဲ့ကြည့်လိုက်သည်.။ သူမ ကျောင်းမလာ.။ညနေလည်း မြင်းစီးသင် နားသည့်ရက်ပေမို့ တွေ့၇ဖို့တော့မလွယ်တော့.။မနက်က အပျော်လေးတွေ ငုပ်လျှိူးသွားသည်ထင်ပ.။ ၀မ်ကျားနှင့်အတူ ညဈေးခင်းကိုသာ ထွက်လာခဲ့လိုက်တော့သည်.။
မြင်မြင်သမျှ ညရှုခင်းက လှတော့လှပေစွ.။

“ချူးဟန်- ငါတို့ဂေဟာ ခဏလောက်ဝင်မလား.”

“သေချင်လို့လား..ဟိုတလောကမှ မင်းအဖေ ကြိမ်းထားတာဆို.”

၀မ်ကျား စ်ိတ်ပျက်လက်ပျက်မျက်နှာဖြင့် ပါးစပ်ပိတ်သွားသည်.။ချူးဟန်ကတော့ ဂေဟာကို ၀မ်ကျားနှင့် တစ်ခေါက် နှစ်ခေါက် လောက်တော့ရောက်ဖူးပါသည်.။သို့ပေမယ့် မည်သည့်အပျော်မှ မရှာ.။အေးဆေးထိုင်ကာ သေရည်သောက်..အကကြည့်သည့် အလုပ်ကိုပဲလုပ်ခဲ့ခြင်းသာ.။ ၀မ်ကျားကတော့ တစ်ခါတစ်လေ..အပျော်မယ်လေးတစ်ချိူ့နှင့် ပျော်ပါးတတ်သည်.။

“ဟိုကောင်လေး--ရှောင်ဟုန်ယွီ မလား.”

ရုတ်တရက် ချူးဟန်အကြည့်က ဘေးက ကောင်ငယ်လေး တစ်ယောက်နှင့်အတူ တုတ်ထိုးချိူချဉ်သည်ရှေ့ တမော့မော့လုပ် နေသည့် ရှောင်ဟုန်ယွီ.။ တစ်ခေါက်သာ တွေ့ဖူးပေမယ့် ဘာကြောင့်ရယ်မသိ.သူနှင့်ရင်းနှီးသလို နှစ်လိုဖွယ်ခံစားချက်ကိုပေး သည်.။ ပြီးတော့ ရှောင်ဟုန်ယွီ ၏ ရုပ်ရည်က တစ်ခါမြင်ရုံနှင့် တန်းမှတ်မိလောက်အောင် နုနယ်ပြေပြစ်ချောမွေ့လွန်းလှသည်.။ မိန်းကလေးနီးပါး နူးညံ့နေသည့်ပါးပြင်က ထိရက်ဖွယ်ရာမရှိ.။ညနေခင်းချိန်ခါအောက် လှပနေသော သက်ရှိနတ်ဘုရားလေး တစ်ပါးကို အကြောင်းမဲ့ငေးကြည့်နေမိပါတော့သည်.

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now