15

3.1K 397 32
                                    

“မြောက်ဘက်နန်းတော်ကို မင်းသားလုံချိူင် လာရောက်တာ ၀မ်းမြောက်ပါတယ်ကွယ်.။အဆင်မပြေစရာအဖြစ်တွေနဲ့ကြုံစေခဲ့ရတဲ့အတွက်လည်း အားနာမိပါတယ်.”

“မခံယူဝံ့ပါဘူး။ နဂါးမင်းကြီး။ အားမနာပါနဲ့။ကျွန်တော့်အတွက်ပြဿနာမရှိပါဘူးခင်ဗျ.။ ကျိူရန် က သစ်ပင်စိမ်းမိစ္ဆာကိုဖမ်းမိလာတာပဲ တော်လှပါပြီ။ မိဖုရားလည်းသက်သာနေပြီလားခင်ဗျ.”

“အတွင်းအား သိဒ္ဓိကို ပြန်လွှဲပေးထားတယ်။ ရက်ပိုင်းလောက်နေရင် ပြန်ကျန်းမာလာမှာပါ။ ညလင်းပုလဲ လည်း ပြန်ရှိနေပြီဆိုတော့ကလေ.။ခု ကျိူရန်က မိစ္ဆှာကို ကောင်းကင်ခုံရုံးကိုသွားပို့တယ်။”

မင်းသားလုံချိူင် က မြောက်ဘက်ပင်လယ် နဂါးမင်းကြီးနှင့် စကားစမြည်ပြောဆိုနေရင်းက ခပ်လှမ်းလှမ်းနားက ပုရင်ကို လှမ်းကြည့်လိုက်သည်။ ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေသော လိပ်ကလေးသည် အိပ်ငိုက်နေ၏။လုံချိူင် သဘောကျစွာ ပြုံးမိရင်းက-

“ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး မင်းကြီး။ ”

“ဟုတ်တာပေါ့။ နားရမယ့်အချိန်ပဲ. လာကြစမ်း နဂါးမင်းသားကို ခန်းစက်ရာဆီပို့ဆောင်ပေးလိုက်.”

မြောက်ဘက်နဂါးမင်းကို ဦးညွှတ်နှုတ်ဆက်ပြီးမှ ထိုင်နေရာက ထလိုက်သည်။ ပုရင် အနားရောက်တော့ မသိမသာဖြင့် မင်းသား လုံချိူင်သည် လက်ဖျောက်တစ်ချက်တီးလိုက်လေတော့ ပုရင် မျက်နှာနား လေအေးအေးတွေ ဖြတ်တိုက်သွားသလို ခံစားလိုက် ရသည်။ ပုရင် မျက်လုံးလေးများပြူးကျယ်လာသည်။

“ငါနဲ့လိုက်ခဲ့. ”

“ဟုတ်ကဲ့”

ရှေ့ကနေ မော်ကြွားစွာလျှောက်လမ်းသွားသော မင်းသားလုံချိူင်နောက်သို့ ငိုက်နေသည့်မျက်လုံးများပုတ်ခတ်ကာဖြင့် လိုက်သွားရတော့သည်။ မင်းသားအတွက် ခမ်းနားသည့် အိပ်ဆောင်ကိုရောက်သည့်အခါ မင်းသားက အစေခံတို့ကို ထွက်သွားစေလိုက်သည်။

“ပုရင်-လာထိုင်.”

“ဘာလို့လဲ”

“မင်းမှာ မေးဖို့အခွင့်ရှိလို့လား.”

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now