33 final part

7K 570 76
                                    

Part-33

လန်မြစ် နှင့်ခပ်လှမ်းလှမ်းတွင် အနေတော်အိမ်တစ်လုံးနှင့်ခြံဝန်းထဲ လှည့်ပတ်ကြည့်ရှုရင်း ရှောင်ဟုန်ယွီ နှုတ်ခမ်းလေးဝိုင်းလျက် အံ့သြနေသည်။

“ရှောင်ဟုန်ယွီ ပြန်လာရင် ကိုယ်တို့တူတူနေဖို့ ဆောက်ထားခဲ့တာ။မင်း ပြန်မလာမချင်းကိုယ်ဒီကို လုံးဝခြေမကျခဲ့ဘူး။ဘယ်လိုလဲ ကြိုက်ရဲ့လားဟင်.ကိုယ့်ရဲ့ငါးကလေး.”

ရှောင်ဟုန်ယွီ သွားတွေပေါ်အောင်ပြုံးရယ်လျက် ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ခြံဝန်းထဲတွင် ရေကန်ငယ်များက ဟိုတစ်စ ဒီတစ်စ.။ရေထဲဆောက်ထားသည့်အိမ်လို့တောင် ထင်မှတ်မှားရလောက်အောင် ချူးဟန်က ပြင်ဆင်ပေးထားသည်။ခု ရှောင်ဟုန်ယွီ ရပ်နေတာက ကန်ငယ်လေးဘေးမှာ။

“ခု ကျွန်တော် ငါးကလေးမဟုတ်တော့ပါဘူးနော်။ လူအဖြစ် ရနေပြီ။ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်တော် ရေကြိုက်နေတုန်းပဲ”

“အမ်..ဘယ်လိုဖြစ်ပြီး”

“အဲ့ဒါတွေမပြောချင်ဘူး။ချူးဟန် က ကျွန်တော် လူဖြစ်တာ သဘောမကျဘူးလား”

“အာ ကိုယ်က ဘာသဘောမကျစရာရှိလဲ။ ငါးကလေးရှောင်ဟုန်ယွီ ကိုလည်းချစ်တယ်။ လူ ဖြစ်တဲ့ရှောင်ဟုန်ယွီ ကိုလည်းချစ်တယ်။ချစ်မိပြီးတဲ့နောက် ရှောင်ဟုန်ယွီ က ကိုယ့်အတွက်ဒီတိုင်းရှောင်ဟုန်ယွီ ဆိုတဲ့ဖြစ်တည်မှုပဲ။”

ချူးဟန်က ရှောင်ဟုန်ယွီ ကိုမျက်နှာချင်းဆိုင်နေခါးကိုသိုင်းဖက်လျက် ပြုံးကာဆိုလာတော့ ရှောင်ဟုန်ယွီ သူ့မေးဖျား ကိုလှမ်းနမ်း လိုက်သည်။ လူအဖြစ်ရဖို့ သူဘယ်လိုကြိုးစားခဲ့ရတာတွေ  သေမလိုဖြစ်ခဲ့တာတွေ.။နှစ်ရှည်များစွာ တရား ကျင့်ခဲ့ရတဲ့နှစ်တွေဖျက်ပစ်ခဲ့လိုက်ရတာတွေ သူ မပြောပြချင်ပါဘူး။သူ့ကြောင့် ချူးဟန်ကို စိတ်မနာကျင်စေချင်ဘူး။ဒီတိုင်းလေး အကောင်းပကတိရှိနေတဲ့ ရှောင်ဟုန်ယွီ ကိုပဲမြင်ပြီး ချူးဟန်ကိုစိတ်ချမ်းသာစေချင်သည်။

“ဒါနဲ့ ကျွန်တော်တို့ဒီလိုအတူနေရင် ချူးဟန်ရဲ့မိဘတွေ-”

“အဟွန်း--မေမေ ကသိတယ်။ ဖေဖေကလည်းအရိပ်အမြွက်တော့သိထားတယ်။ပြီးတော့ မင်း မရှိတဲ့ နှစ်မှာ ကိုယ်ဖြစ်ပျက်နေတဲ့ပုံစံကိုမြင်ပြီး ပြောစရာလည်းမရှိကြတော့လို့ လွှတ်ထားလိုက်ကြတာ။ ကိုယ်တို့မှ ဘာအတားအဆီးမှ မရှိဘူး။ရှောင်ဟုန်ယွီ။ဒီတစ်ခါ ရှိလာမယ်ဆိုလည်း ကိုယ်အားလုံးကိုတိုက်ခိုက်ပစ်မယ်။ မင်းကို အနားမှာပဲ တစ်သက်လုံး ထားပါ့မယ်။”

မိုးမြေရေးသည့် ဖူးစာDonde viven las historias. Descúbrelo ahora