18

2.9K 397 35
                                    

လာစဉ်တုန်းက တစ်ထောက်နားခဲ့သည့် နေရာတွင်ပင် ပြန်လည်နားဖို့ပြင်သည်။ရောက်ရှိချိန်သည် အနည်းငယ်မှောင်စပြုနေ ပြီဖြစ်သည်။ စစ်သူကြီးနှင့်ကိုယ်ရံတော်တွေက ပတ်ဝန်းကျင်အခြေအနေကိုစစ်ဆေးပြီးသည့်အခါမှ မင်းသားလွီစုန့်ကိုဝေါယာဉ် ပေါ်က ဆင်း စေသည်။မင်းသားလွီစုန့် အထဲကိုဝင်သွားတော့မှ ချူးဟန်က မြင်းကို အစောင့်တွေဆီပေးကာ မိန်ရွှယ်ထံ လျှောက်လာခဲ့သည်။

“ပင်ပန်းနေပြီလား.”

“အင်း နည်းနည်းပါ ..”

ရှောင်ဟုန်ယွီ သည် ကြင်နာခြင်းများယိုဖိတ်နေသည့် ချူးဟန်၏မျက်ဝန်းများကို မီးရောင်ပြပြအောက်မှာပင် ထင်းလင်းနေ အောင်မြင်နေရသည်။ ချစ်ရသောသူသည် သူချစ်ရသည့်သူအတွက် ကိုယ့်အရှေ့တွင် စကားတစ်ခွန်းနှင့်ပင်ကြင်နာမှုတွေ ပေးနေသည်ကိုမြင်ရသည်မှာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ဖြစ်သည်။

နှလုံးသားကို အခါခါဆုံးမပါသည်။ ရှောင်ဟုန်ယွီက လူသားမဟုတ်သည့်အပြင် ငါးကလေးတစ်ကောင်ဖြစ်နေသည့်အတွက် ဘယ်သောအခါမှ ချူးဟန်၏ ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်နိုင်မည်မဟုတ်သည်ကို နှလုံးသွင်းထားသော်ငြား မြတ်နိုးချင်စရာကောင်း သည့်လူသားကိုမြင်ရဖန်များသည့်အခါ ပိုင်ဆိုင်လိုချင်စိတ်က တဒိတ်ဒိတ်တိုး၍သာ လာသည်။

“နားရမယ့်နေရာကို လိုက်ပြပေးလ်ိမ့်မယ် ငါ မလိုက်ပို့တော့ဘူးနော်”

မိန်ရွှယ်က ခေါင်းညိတ်ပြကာ ဆိုင်မှဝန်ထမ်းလေး လမ်းပြသည့်နောက်ကို သူမ၏ အစေခံမိန်းကလေးနှင့်အတူ လျှောက်သွားသည်။

“ရှောင်ဟုန်ယွီ--လာ--ခုထိ မြင်းပေါ်က ဘာလို့မဆင်းသေးတာလဲ”

လက်ကမ်းလိုက်သည်ကိုမဖမ်းဘဲ ကိုယ်လုံးလေးပါ ခုန်ချလာတော့ ချူးဟန် ကမန်းကတန်းဖြင့် ပွေ့ဖက်ထိန်းပေးလိုက်ရသည်။ သူ့လက်တွေက ရှောင်ဟုန်ယွီ ၏ ခါးထက်မှာ.။အကြည့်ချင်းဆုံမိသည့် မျက်ဝန်းတွေကြားထဲ ရှောင်ဟုန်ယွီ ၏မျက်ဝန်းတို့ကို ချူးဟန် ဘာသာမပြန်တတ်.။နင့်နင့်နဲနဲစူးစိုက်နေသည့် အကြည့်တို့သည် နှလုံးသားကိုထွင်းဖောက်တော့မည့်နှယ်။ ဆေးမိထားသူကဲ့သို့ ချူးဟန်သည် တန်ပြန်စိုက်ကြည့်နေမိသည်။

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now