“ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ ပုရင်.။သူ ငါ့ကိုမေးတော့ ငါချက်ချင်းထွက်ပြေးလာတာ.။သူသိသွားပြီ ပုရင်ရဲ့.။ဘယ်လိုလုပ်ကြမလဲ.”
ပုရင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဗျာများနေသည့် ရှောင်ဟုန်ယွီ ကိုကြည့်ကာ ပုရင်တောင် ခေါင်းမူးနောက်လာ ပေမယ့် မစနောက်နိုင်။ရန်ချူးဟန် ကို ရှောင်ဟုန်ယွီ ဘယ်လောက်အလေးထားသလဲ သူသိနေသည်လေ။
“ပျောက်ကွယ်နေလိုက်ရင်ရော။ မိန်ရွှယ်ပုံစံအဖြစ်နဲ့ထွက်မတွေ့တော့ဘဲ ရှောင်ဟုန်ယွီ ပုံစံနဲ့ပဲ သူ့နားနေလို့ရတာပဲလေ။”
“ဒါပေမယ့် ငါ ကယောကျာ်းလေး လေ။ ပြီးတော့ သူချစ်တာက လန်မိန်ရွှယ်မလား။”
ချက်ချင်းကြီးမျက်နှာလေးငယ်ကျကာ ဆောင့်ကြောင့်လေးထိုင်လာသည့် ရှောင်ဟုန်ယွီ လက်မောင်းကနေ စကာ ပုရင် သိမ်းဖက်လာသည်။
“အဲ့လိုမတွေးပါနဲ့။သူ နှစ်သက်တာ မိန်ရွှယ်ရဲ့ပုံစံကိုဖြစ်ပေမယ့် သူချစ်တာ ရှောင်ဟုန်ယွီ ရဲ့ နှလုံးသားကိုလေ။”
ရှောင်ဟုန်ယွီ ၏မျက်လုံးကလေးများ က စဉ်းစားသလို လေးဖြစ်သွားသည်။ပုရင် မရယ်ရက်ပါဘဲ ပြုံးမိသည်။ရှောင်ဟုန်ယွီ သည် ကောင်းကင်မင်းကြီးက ခန့်အပ်ထားသည့် အထူးတမန်တော်သာဖြစ်နေရတာ။တစ်ခါတစ်လေ ကလေးငယ်လိုလည်း အပြုအမူလည်းရှိတတ်သေးကာ အများကြီးတွေးစရာမလိုသည့်ကိစ္စလေးတွေကိုလည်း အကြာကြီးတွေးနေတတ်သလို ခက်ခက် ခဲခဲစဉ်းစားရမည့်ကိစ္စမျိူးကျတော့ ချက်ချင်းတွေးထွက်လာတာမျိူး။
“အင်းဟုတ်တယ်နော်။သူချစ်တာ င့ါပဲကို။ငါ့ကိုစိတ်သက်သာစေတာ ကျေးဇူးပါ ပုရင်။ဘာပဲဖြစ်ဖြစ် ငါက သူ့ကိုချစ်နေမှာပဲကို”
“ဘယ်သူက ဘယ်သူ့ကိုချစ်တာလဲ”
ရုတ်တရက်ထွက်ပေါ်လာသည့် အသံရှင်ကြောင့် နှစ်ယောက်သား ကြည့်မိကာ ချက်ချင်းထရပ်လျက် ဦးညွှတ်လိုက်ကြ သည်။ လုံယွဲ့သည် နဂါးမင်းသမီးအဆင်တန်ဆာအပြည့်ဖြင့် ထည်ဝါလှပကာ သူတို့ကိုပြုံးကြည့်လာသည်။
“မင်းသမီး !”
“ရတယ် ဝတ်စုံပြည့်ဝတ်ထားပေမယ့် အရိုအသေပေးစရာမလိုပါဘူး။ငါ က မြောက်ပိုင်းအစည်းအဝေးက ချက်ချင်းလာခဲ့လိုက်တာ”
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...