19

2.8K 382 12
                                    

တစ်ညလုံး အခန်းငယ်လေးထဲအိပ်စက်ခဲ့ရသည်။သူက မည်သည့်နေရာမဆို နေတတ်ပြီးသားမို့ ကိစ္စတော့မရှိ.။မနေ့ညက ချူးဟန် စိတ်ကွက်သွားသည့်အပေါ်ကိုပဲ စိုးရိမ်နေမိသည်။တကယ်ဆိုသက်သေ ခိုင်လုံတာမျိူးရှိတာလည်း မဟုတ်ပါဘဲ မိန်ရွှယ်ကို စွပ်စွဲသကဲ့သို့ပြောလိုက်မိတာ.။ချစ်သူနှင့်ယှဉ်လာလျှင်တော့ ချူးဟန် ကသေချာပေါက် မ်ိန်ရွှယ်ဘက်ကပဲ နေမှာပေါ့။သို့ပေမယ့် ပြောပြချင်သည်။ တစ်ခါတစ်လေကျလျှင် ချူးဟန်၏ ချစ်သူက ရှောင်ဟုန်ယွီ ပါလို့အော်ဟစ်ပြော လိုက်ချင်သည်။ ဖြစ်မှ မဖြစ်နိုင်ပါပဲလေ။

“သခင်လေးရှောင်ဟုန်ယွီ-ထွက်လာလို့ရပါပြီ။ မင်းသားက ချွင်းချက်မရှိယုံကြည်ပေးတာမို့သံသယမရှိတော့ပါဘူး။ ကျွန်တော့်ကို နားလည်ပေးပါလို့တောင်းဆိုပါရစေ။”

တံခါးလာဖွင့်သည့်အချိန်တွင် စစ်သူကြီး ကိုယ်တိုင် ပါလာခဲ့သည်။ရှောင်ဟုန်ယွီ အသာပြုံးပြလိုက်ရင်း ခေါင်းခါပြလိုက်သည်။

“မဟုတ်တာဘဲ ကျွန်တော် နားလည်ပါတယ်။ သက်သက်မဲ့ လိုက်လာပြီး အလုပ်ရှုပ်သလိုတောင်ဖြစ်သွားတယ်။စစ်သူကြီးကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်။”

“လက်မခံရဲပါဘူးဗျာ.။နားလည်ပေးတာနဲ့ ကျေးဇူးတင်နေပါပြီ။.ကြွပါခင်ဗျ. မင်းသား က ဧည့်ခန်းဆောင်မှာ စောင့်နေပါတယ်။”

စစ်သူကြီး ဦးဆောင်လမ်းပြသည့် နောက်သို့ ရှောင်ဟုန်ယွီ လိုက်လာခဲ့သည်။ ဧည့်ခန်းဆောင်တွင် မင်းသား သည် မျက်နှာ အနည်းငယ်ဖြူဖျော့နေသည်မှ လွဲ၍ အဆိပ်ပြင်းမိထားသည်ဆိုသည်မှာ ယုံနိုင်ဖွယ်မရှိ။ ရှောင်ဟုန်ယွီ ကို ကောင်းကင်မင်းကြီး ချီးမြှင့်ထားသည့် နတ်ဆေးတမန်က နှယ်နှယ်ရရ မှ မဟုတ်ဘဲလေ.။

“လာ--ထိုင်-ရှောင်ဟုန်ယွီ ငါ မင်းကိုစောင့်နေတာ ကျေးဇူးတင်စကားပြောချင်လွန်းလို့။မင်း အချိန်မီ မကယ်ရင် အသက်ဆုံးရှုံးရတော့မှာပါ။ မင်းက ငါ့အသက်သခင်ကျေးဇူးရှင်ပါပဲ.။မင်း လိုအပ်တဲ့အချိန် ငါ့ကို အကူအညီပြန်တောင်းနိုင်တယ်ရှောင်ဟုန်ယွီ.”

“မခံယူဝံ့ပါဘူး မင်းသား။ကရုဏာထားလို့ကျေးဇူးတင်ပါတယ်။”

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now