14

3K 413 28
                                    

ပုရင်သည် သိပ်မနက်သော ချောက်ပေမယ့် ရုတ်တရက် စွမ်းအားကို မည်သို့အသုံးပြုရမည်မသိသေးခင်မှာပင် ခိုင်ခန့်သည့် လက်တစ်စုံသည် ပုရင်၏ ခါးကိုရစ်ပတ်နှောင်တွယ်လာသည်။ မျက်လုံးစုံမှိတ်ထားသည့်ကြားက အလန့်တကြားဖွင့်ကြည့်မိ လိုက်တော့ ရွှေဝါရောင်အဆင်းဖြင့် တင့်တယ်နေသည့်သူ။

“မင်းသားလုံချိူင်-”

“အင်း-ငါမကယ်ရင် လန်မြစ်က လိပ်ကလေးတစ်ကောက် မြေပြင်မှာမရှုမလှဖြစ်ပေတော့မယ်”

လုံချိူင်က ပြုံးစစဖြင့် သူဖက်ထားသည့် မအူမလည်လိပ်ကလေးကို ထိန်းကာ မြေပြင်ပေါ်ဆင်းသက်လိုက်သည်။ သူ လွှတ်ပေးလိုက်လေတော့မှ ပုရင်က ခါးညွှတ်ကာ အရိုအသေပေးလာသည်။

“ပုရင် ..မင်းသားလုံချိူင်ကို ဂါရ၀ပြုပါတယ်.။အသက်ကယ်ပေးတာ ကျေးဇူးတင်ပါတယ်”

“အဟွန်း--ခေါင်းမော့ပါဦး.ဘယ်နားထိခိုက်သွားသေးလဲလို့.”

“အမ် ဘာနဲ့မှမထိခိုက်.-”

ပုရင် အငြင်းစကားဆိုလိုက်သော်ငြား ခပ်စူးစူးမျက်ဝန်းတစ်စုံကြောင့်မျက်နှာလေးအနည်းငယ် မော့ပေးလိုက်ရသည်။ လုံချိူင် သည် မေးဖျားသွယ်သွယ်ကိုပင့်မကာ မျက်နှာလေးကို ဟိုဘက်ဒီဘက်လှည့်စစ်သည်။သူ့ထက်အနည်းငယ် အရပ်နိမ့်သော ပုရင် ၏ မျက်နှာနားတွင် လုံချိူင် ၏ မျက်နှာ နီးကပ်နေသည်မှာ ၀င်သက်ထွက်သက်တောင်ခံစားရသည့်အထိ။

“အဟွတ်--မင်းသား--ကျွန်တော်--တ-တကယ် ဘယ်နားမှ မထိခိုက်ပါဘူး။”

“ငါ သိတယ်။ငါ မင်းမျက်နှာကို အကဲခတ်နေတာ.။ မင်း--ဘာလို့ဒီလောက်ရုပ်ဆိုးရတာလဲ.”

မ၀ံရဲသည့်ကြားကပင် ပုရင် မျက်နှာလေးအနည်းငယ်စူပုတ်သွားသည်။ လုံချိူင် လွှတ်ပေးလိုက်သည်နှင့်မျက်နှာကို တစ်ဘက်လှည့်ကာ-

“ကျွန်တော်က--တောင်ပင်လယ်က နဂါးမလေးတွေလောက်ဘယ်လှပါ့မလဲ.။သူများက လိပ်ကလေးဟာကိုး။”

ပုရင် ခပ်တိုးတိုးရေရွတ်တာကို လုံချိူင်ကြားပါသည်။ ရယ်ချင်စိတ်ကို ထိန်းကာ ခပ်မာမာလေသံဖြင့် ပြန်ပြောလိုက်သည်။

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now