Part-28
မြင်းဖြူလေးက မြက်ခင်းပြင်စပ်တွင် တမြုံ့မြုံ့ဖြင့် ဝါးနေသည်။ ရှောင်ဟုန်ယွီ ကတော့ ချူးဟန် ၏ရင်ခွင်ထဲတွင် နေသားကျနေ၏။ ဒူးတစ်ဖက်ထောင်ထိုင်ထားပေးသည့် ချူးဟန်၏ ရင်ခွင်ထဲ ရှောင်ဟုန်ယွီ ကလျော့လျော့ရဲရဲလေး။
“ရှောင်ဟုန်ယွီ ကိုယ်တို့ဘယ်တော့လက်ထပ်ကြမလဲ”
“အမ်- အဲ့ အဲ့ဒါက လက်ထပ်မှ မဟုတ်လည်းရတာပဲကိုး။ကျွန်တော်နဲ့ချူးဟန် တူတူတွေ့နေကြတာပဲလေ.။ပြီးတော့ ရန်လူကြီးမင်းတို့ကဘယ်သဘောတူမှာလဲ ချူးဟန်ရဲ့။ ကျွန်တော် ချူးဟန်နဲ့မခွဲချင်ဘူး။ ဒီတိုင်းတူတူနေရအောင်လေနော်.”
သူ့ကိုမော့ကြည့်ကာဆိုနေသူကို ပြုံးကာကြည့်ရင်း ချူးဟန် အတွေးလေးက ခပ်ညစ်ညစ်ဖြစ်လာရသည်။ရှောင်ဟုန်ယွီ ၏နှုတ်ခမ်းကိုဖြတ်ခနဲငုံ့နမ်းလိုက်ပြီးမှ
“ဒါဆို ခုတူတူနေလို့ရပြီလား.”
“အင်းလေ.”
“တကယ်-ရ ပြီလား.”
ချူးဟန်၏မျက်လုံးတွေထဲကိုစူးစမ်းစွာစိုက်ကြည့်ရင်း ရှောင်ဟုန်ယွီ နောက်ဆုံးတော့ သဘောပေါက်သွားရသည်။ မျက်နှာက မသိမသာလေနီမြန်းသွားရတော့သည်။
“ငါးကလေးတွေက ရှက်တတ်တာလား..”
“ချူး-ဟန် ”
“ကြည့်ပါဦး ဇတ်ဇတ်ကြဲငါးကလေးက ရှက်တတ်တယ်တဲ့. အဟား--ဟား-”
“လှောင်တယ်ပေါ့လေ.”
ချူးဟန်ရင်ခွင်ထဲမှ လူးလိမ့်ထလျက် ချူးဟန်ကိုမြက်ခင်းပြင်ပေါ်တွန်းလှဲကာ အပေါ်ကနေတက်ခွထိုင်ထားလိုက်သည်။ ချူးဟန်၏ ခါးစပ်ကိုကလိထိုးတော့ ချူးဟန် တစ်ယောက်လှိမ့်နေအောင်ရယ်ရင်း မျက်ရည် တွေတောင်ထွက်လာရ၏။ ခပ်လှမ်းလှမ်း ကမြင်းဖြူလေးကတော့ သာသာယာသာရှိနေလေသည်။
“ဟား--တော်ပြီ လို့ တော်ပြီ ရှောင်ဟုန်ယွီ ရဲ့.”
နှစ်ယောက်စလုံးမောသွားမှ ရှောင်ဟုန်ယွီက ရပ်သည်။အခြေအနေကတော့သူ ချူးဟန်ပေါ်တွင် ခွထိုင်လျက်သား လေး။သူ့ကိုယ်ပေါ်က ငါးကလေးတစ်ကောင်ကို ချူးဟန်မြတ်မြတ်နိုးနိုးကြည့်သည်။
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...