Part-26
လာရာလမ်းကိုတလင့်လင့်ဖြင့် ရှောင်ဟုန်ယွီ ခေါင်းလေးစောင်းလှလေပြီ။နောက်ဆုံးတော့ မြက်ခင်းပြင်ပေါ် ငုတ်တုတ်လေး ထိုင်ချလိုက်ရင်းသက်ပြင်းတခါခါ ချမိသလို တစ်သက်တွင် တစ်ကြိမ်တစ်ခါမှ မနာကျင်ခဲ့ဖူးသည့် နှလုံးသား သည် တဆတ်ဆတ်တုန်အောင် နာကျင်လှိုက်ခါလျက်ရှိသည်။
အနည်းငယ်သောသံယောဇဉ်မျှပင် ချူးဟန်က သူ့အပေါ် ထားခဲ့ဟန်မရှိပါလားလေ။တလိမ့်ချင်းကျလာချင်သည့်မျက်ရည်တို့ ကိုမျက်တောင်ဖျားများဖြင့်မော့လျက်ပင့်သိမ်းလိုက်သည်။
“မျက်ရည်ခိုးသိမ်းနေတာလား။”
ချိူရှရှအသံရှင်ကြောင့် မော့မကြည့်ပါသေးဘဲ ရှောင်ဟုန်ယွီ ခေါင်းလေးဆတ်ခနဲဖြစ်သွားသည်။မကြည့်ဝံ့ပါ။ သူ မျှော်လင့်နေ လွန်းလို့ ထင်ယောင်ထင်မှားဖြစ်မိတာပါဆိုလျှင် ပိုပြီးနာကျင်ခံစားရမည်သာ။
“ဘာလဲ မော့မကြည့်ဘူးဆိုတော့ ငါ့ကိုမတွေ့ချင်လို့လား။”
“မ-မဟုတ်ပါဘူး။ကျွန်တော်-ကျွန်တော်က-ဟို-”
ခြေထောက်တွေခွေထိုင်လျက် ထိုင်ရာကမထ။စကားတို့ထစ်အနေသည့် ငါးကလေး၏ရှေ့တွင်ဒူးတစ်ဖက်ထောင်လျက် ထိုင်ကာ ချူးဟန်မျက်နှာချင်းဆိုင်လိုက်သည်။ ရှောင်ဟုန်ယွီ ၏မျက်ဝန်းတို့သည် မယုံကြည်ရဲဟန်အပြည့်ဖြင့်ဖြစ်သည်။ သူ ညင်သာစွာ ပြုံးပြလိုက်ရင်းမျက်ဝန်းထောင့်တွင် ခိုတွဲနေသည့် ကျကာစပြုနေသည့် လှုပ်လီလှုပ်လဲ့ မျက်ရည်စလေးတွေကို လက်မဖြင့် အသာဖိသုတ်ပွတ်ဖယ်ပေးလိုက်သည်။
“တောင်းပန်ပါတယ် ရှောင်ဟုန်ယွီ။ ငါ မှားသွားပါတယ်။”
“မဟုတ်ပါဘူး ကျွန်တော်ကသာ ချူးဟန်စိတ်မဆိုးဖို့ တောင်းပန်ရမှာပါ။ တောင်းပန်ပါတယ် ကျွန်တော်”
“တော်ပြီ။ အဲ့ဒါတွေထပ်မပြောတော့ဘူး။ မင်း ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်တော့ဘူး။မင်းဘာသာ ငါးကလေးပဲဖြစ်ဖြစ် လိပ်ကလေးပဲဖြစ်ဖြစ် ငါ လုံးဝဂရုမစိုက်တော့ဘူး။ငါ ရှောင်ဟုန်ယွီဆိုတာကိုပဲ ဂရုစိုက်တော့မယ်။ ဟုတ်ပြီလား။”
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...