23

3K 398 22
                                    

Part-23

“ပုရင်.”

“ဟင် မင်းသား ဘယ်လိုလုပ် ဒီကို-”

ပုရင် တစ်ယောက်ရုတ်တရက်မို့အံ့အားသင့်သွားပြီးမှ ကမန်းကတန်းအရိုအသေပေးတော့ လုံချိူင်က ရယ်သည်။ ကျန်တဲ့အချိန်တွေလည်း နဂါးမင်းသားတစ်ပါး၏ထည်ဝါမှုအပြည့်ဖြင့် လုံချိူင် သည် ယခုလည်း လူသားတို့၏ ချည်သားဝတ်စုံဖြူလွှလွှဖြင့် ခန့်ညားတောက်ပနေပါသေးသည်။

“မင်းက ဘယ်လိုလုပ် ဒီနားမှာထိုင်နေတာလဲ။ဘာလဲ ရှန့်လင်ကျောင်းတော်ထဲ  စိတ်ဝင်စားတဲ့ ကောင်မလေးများ ရှိနေသလား။”

“မ ဟုတ် ပါ ဘူး။”

လုံချိူင်က မာန်မာနကင်းလျက် ပြုံးစစဆိုတော့ ပုရင်လည်းကြောက်သည့်စိတ်ကလေးပုန်းခိုကာ သံရှည်ဆွဲညည်းရင်း ကျောက်တုံးကြီးပေါ် ထိုင်လိုက်မိသည်။ လုံချိူင်က ဘေးနားတွင်ဝင်ထိုင်လာသည်။ ကျောက်တုံးကြီးဆိုပေမယ့် တစ်ယောက်ခွဲ သာသာ အနေအထားမှာ လုံချိူင်က အတင်းဝင်ထိုင်လေတော့ ပုရင် လန့်ပြီးတစ်ဘက်တိုးလိုက်ချိန် မြေကြီးပေါ် ပြုတ်ကျတော့ မလိုဖြစ်သွားသည်။သို့သော် လျင်မြန်လှသည့်လက်ပိုင်ရှင်က စွေ့ခနဲပြန်ဆွဲကာ ထိုင်စေပြန်တော့ နှစ်ယောက်သားက ပူးကပ်ကပ်။ နဂါးမင်းသားထံမှမည်သည့်ရနံ့မှန်းမသိ မွှေးထုံနေသည့်အခါ လိပ်ကလေးခေါင်းတွေမူးကာ ရင်တွေပါ တုန်လာသည်။အင်း--အမွှေးနံ့ကြောင့်ပါလေ.။

“ပြော-ငါ့လိပ်ကလေးကို ဘယ်သူ အနိုင်ကျင့်လိုက်သလဲ”

“အာ--မဟုတ်ပါဘူး။ ကျွန်တော် ရှောင်ဟုန်ယွီကိုအားနာလို့ပါ။မင်းသမီးက ပြောခိုင်းတာနဲ့ ကျွန်တော်ကြောက်ပြီး အားလုံးကိုပြောပြလိုက်မိတာ။အဲ့ဒါကလည်း ရှောင်ဟုန်ယွီကို မထိခိုက်စေဘူးလို့ ထင်မိလို့ပါ။ ခုတော့ ရှောင်ဟုန်ယွီက မင်းသမီးနဲ့လက်ထပ်ရလိမ့်မယ်လို့ နန်းတော်မှ ကြေငြာထားလိုက်ပြီ။ကျွန်တော် ပြောပြလိုက်လို့ မင်းသမီးက အားလုံးသိသွားတာ.ရှောင်ဟုန်ယွီများ ကျွန်တော့်ကိုစိတ်ဆိုးနေမလားဟင်.. သူ ကျွန်တော့်ကိုတွေ့တော့ရှောင်ထွက်သွားတယ်.။ကျွန်တော်ကလေ ကျွန်တော်က တမင်လုပ်တာတော့မဟုတ်ပါဘူး။ ရှောင်ဟုန်ယွီ ကျွန်တော့်ကိုစိတ်-ဆိုးသွားပြီ။ အင့်-- သူ ကျွန်တော့်ကိုအရေးမလုပ်ဘူး အီး--- ကျွန်တော်က သူ့ကိုဒီလောက်ချစ်တာ.။သူ က ဟင့်.. သူက--”

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now