ရှောင်ဟုန်ယွီ မျက်နှာသည် ပြိုတော့မည့်မိုးကဲ့သို့ အုံ့မှိုင်းနေသည်.။ အချိန်မရွေး ရွာချပစ်တော့မည်ကဲ့သို့ အခြေအနေက ယဲ့တဲ့တဲ့.။
ရန်အိမ်တော်ရောက်လေတော့ ရန်ချူးဟန်သည် ခရီးထွက်သွားသည်မှာ မနက်အစောကတည်းကဟုဆိုသည်.။ ခု ရှောင်ဟုန်ယွီတို့ လာသည်က နေ့လည်စောင်းနေပြီ.။ လိုက်မမီနိုင်တော့သည့် သာမန်အကွာအဝေးပေမို့ ရှောင်ဟုန်ယွီ စိတ်မကောင်းဖြစ်သွားသည်.။
သေချာပြောထားခဲ့ပါရက်နှင့် သူက မခေါ်ချင်လို့များလား.။ အတူခရီးထွက်ဖို့ စိတ်မရှိလို့လေများလား.။“မျက်နှာကိုအဲ့လိုကြီးလုပ်မထားပါနဲ့.။သူ သွားလည်း ဘာဖြစ်လဲ ငါတို့ဘာသာ သွားကြမယ်လေနော် ရှောင်ဟုန်ယွီ.”
ပုရင် ကတတ်သလောက်တော့ချော့မော့ရှာပါသည်.။ အမှန်က ရှောင်ဟုန်ယွီ စိတ်ဆိုးနေတာမဟုတ်.။ စ်ိတ်မကောင်းဖြစ်နေခြင်းသာ.။ သို့ပေမယ့် ဒီလို လုပ်ရုံနှင့် ရရောလား.။ ရှောင်ဟုန်ယွီ ကဘယ်သူမို့လို့လဲ.။
“ငါတို့ ရေအောက်ကနေ အမြန်သွားကြမယ်.။ ငါ့ကိုတွေ့ရင် ချူးဟန်ဘယ်လိုဖြစ်သွားလဲ ကြည့်မယ် ဟွန့်--”
“အင်းပါ မင်းသဘော မင်းသဘော..”
အချိန်မဆိုင်းဘဲ ရေအောက်ခရီးကသာနှင်ခဲ့သည်.။ စွမ်းအားရှိသည့်သူတွေမို့ အချိန်ခရီးကတွင်တွင်ကျယ်ကျယ်.။ ရေအောက်ကနေ စွမ်းအားအသုံးပြုလျက် သွားလိုက် ကုန်းပေါ်တက်ကာ သတင်းစုံစမ်းလိုက်နှင့် ရှောင်ဟုန်ယွီ တို့မမောနိုင်မပန်းနိုင်ဖြစ်နေရသည်.။
များမကြာမီပင် မင်းနေပြည်တော်မှ လာသည့် အဖွဲ့အကြောင်းစုံစမ်းသိရှိခဲ့ရသည်.။ တည်းခိုခန်း တစ်ခုလုံးသည် လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားသည်.။ နောက်ဘက်အုတ်တံတိုင်းလေးမှ ရဲမက်သိပ်မရှိသည့်နေရာတွင်ရှောင်ဟုန်ယွီ နှင့် ပုရင် နှစ်ယောက်သားခိုးကြောင်ခိုးဝှက်ဖြင့် တွန်းလှည်းလေးကိုခုကာ ခေါင်းချင်းဆိုင်ချောင်းနေကြသည်.။
“ရဲမက်စုတ်တွေ ..ခုနကသွားမေးကတည်းက ၀င်ခွင့်ပြုလိုက်အေးရော..ခုတော့ သူခိုးလိုလုပ်နေရတယ်.”
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...