5

3.7K 416 7
                                    

နဂါးမင်းသား လုံချိူင်၏ ၀တ်လဲတော်ရုံကိုကူဝတ်ပေးနေခြင်းသည် ပုရင်ကို ကြီးစွာ စိတ်အနှောင့်အယှက်ဖြစ်စေသည်.။ အရပ်ကွာခြားမှုရှိသည့်ပြင် မင်းသားထက် ခေါင်းတစ်လုံးနီးပါးနိမ့်ပါးလေသော ပုရင်လေးခမျာ လက်ဆန့်ခြေဆန်ဖြင့် မသက်မသာရှိနေရတော့သည်.။

“ဘာလို့မျက်နှာက မသာယာတာလဲ ပုရင်.။ ဧကန္တ ငါ့ကို ကျိန်ဆဲနေလေသလား ??”

“အာ--မဟုတ်ပါဘူး. .ကျွန်တော် သေချာလုပ်ပေးနေတာပဲကို.”

“အင်း~~ ဒီနေ့ ငါ တောင်ပင်လယ်ကိုပြန်ရတော့မယ်.”

လုံချိူင်၏အသံက  လွမ်းမောတမ်းတဟန်လေးစွက်နေသဖြင့် ခါးစည်းကြိုးကို စည်းပေးနေရင်းကဖြင့် ပုရင် အသာမော့ကြည့်မိ လိုက်သည်.။သို့သော်ချက်ချင်းပင် မျက်လွှာပြန်ချလိုက်ရပါသည်.။အနှီမင်းသားက သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည် မဟုတ်ပါလား.။

“ဘာ-ဘာဖြစ်လို့လဲ.။မင်းသား စိတ်ဆင်းရဲစရာများရှိနေလို့လား.”

“မခွဲရက်ဘူး.။”

“ဘာ-”

“ဘာမှ မဟုတ်ဘူး.။မြန်မြန်လုပ်.။မနက်စာ မကျွေးတော့ဘူးလား ငါ့ကို…”

ခေါင်းတစ်ချက်ည်ိတ်ကာ ခပ်မြန်မြန်ပင် ၀တ်ရုံတော်လဲခြင်းကို ကူညီလုပ်ကိုင်ပေးလိုက်သည်.။ထို့နောက် ပုရင်ပင် ဦးဆောင် ခေါ်ကာ ခမ်းနားတင့်တယ်လှသော မနက်စာပြင်ဆင်ထားသည့်နေရာသို့ ခေါ်လာခဲံလိုက်သည်။ ခန်းမထဲတွင်  ငါးသခင်မ က အသင့်ရှိနေကာ နဂါးမင်းသားလုံချိူင်ကို ဧည့်ဝတ်ပြုကြိုဆိုသည်.။
ပုရင်သည် ရှောင်ဟုန်ယွီကို မတွေ့သည်ကြောင့် လိပ်ဘိုးဘိုးနားအသာကပ်လိုက်သည်။

“ဘိုးဘိုး ~~ ရှောင်ဟုန်ယွီ ရော.”

“မနက်ကတည်းက ထွက်သွားတာပဲ.။သခင်မတော့ မသိဘူး.။သူ အခန်းထဲမှာအိပ်နေတုန်းလို့ထင်နေတာ.။တိတ်တ်ိတ်နေ..။”

လိပ်ဘိုးဘိုးက လည်း ရှောင်ဟုန်ယွီကို နိုင်ပုံမပေါ်.။ထွက်သွားမှန်းသိသိကြီးနှင့် သခင်မကို ဖုံးကွယ်ထားပေးရပုံပေါ်သည်.။ အဘယ်နေရာသွားလဲ ပုရင် သိသားပဲ.။ခုထိ အကောင်အထည်မဖော်နိုင်သေးသည့် ရှောင်ဟုန်ယွီ၏ မြင်းစီးသင်ခြင်း ကိစ္စပဲ နေမှာပေါ့….။
-
-
-
-
“ငါ အကြာကြီးစောင့်နေတာ ဘာလို့မလာတာလဲ.”

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now