Part-32
ဖြတ်ခနဲပွင့်လာသော မျက်လုံးအစုံနှင့်အတူ ချက်ချင်းသတိရလိုက်သည်က ရှောင်ဟုန်ယွီ။ ချူးဟန် အလူးအလဲ ထထိုင်လိုက်သည်။
“ချူးဟန် သားလေး သတိရလာပြီလား..”
အနားတွင်အသင့်ရှိနေသည့် ရန်ကတော်က ချူးဟန် အနားသို့မြန်မြန်ပဲရောက်လာသည်။ချူးဟန် ကုတင်ပေါ်ကနေ ခြေတွဲလွဲ ချလိုက်ရင်း
“ရှောင်ဟုန်ယွီ ရော- ကျွန်တော်တို့အိမ်တော်ပြန်လာတုန်းက သူ ပါလာတယ်မလား။ရှောင်ဟုန်ယွီ ရော”
“ရှောင်ဟုန်ယွီ လေးက မနေ့က သား သတိမေ့နေကတည်းက ထွက်သွားခဲ့တာ။သူ့ကိုလာမရှာပါနဲ့။သူကလာရှာပါမယ်လို့သေချာပြောခဲ့တယ် သား.။”
“မဖြစ်ဘူး။သူ တစ်ခုခုဖြစ်နေတာသိတယ်။သွားရှာ၇မယ်.”
“ချူးဟန်--စိတ်ငြိမ်ငြိမ်ထားစမ်းပါကွယ်.”
အတင်းထပြေးဖို့ကြံနေသည့် ချူးဟန်ကို ရန်ကတော်က အတင်းဆွဲထားရသည်။ ချူးဟန် မျက်လုံးတွေက ဂဏှာမငြိမ်။ ရင်ဘတ်တစ်ခုလုံလည်း ကဆုန်ပေါက်ခုန်လှုပ်နေသည်။သူ အကြာကြီးအိပ်ပျော်နေခဲ့သည်။အိပ်မက်ထဲတွင် ရှောင်ဟုန်ယွီ ၏နာနာကျင်ကျင် ငိုနေသံကိုကြား၏။သူ မြင်နေရပေမယ့် လက်လှမ်းလို့မရ။ထိတွေ့လို့မရသည့်အတွက် သူ ကိုယ်တိုင် အူလှိုက်သည်းလှိုက်ငိုကြွေးနေမိသည်။ရှောင်ဟုန်ယွီ အစား သူသာလျှင် ခံစားရချင်မိသည်။
မထင်ခဲ့ဘူး။ဒီလိုကောင်လေးတစ်ယောက်ကိုအသက်ပါ ပုံပေးချင်တဲ့အထိ ချစ်မြတ်နိုးမိနေလိမ့်မယ်လို့။
“ရှောင်ဟုန်ယွီ ဒုက္ခရောက်နေပြီ မေမေ.။မဖြစ်ဘူး။ကျွန်တော် သွားရှာရမှာ”
“သူက လာရှာမယ်လို့သေချာပြောခဲ့တယ်လေ ချူးဟန်.။သူ့ကို စိတ်ပူရင် သူ့စကားကိုနားထောင်ရမှာပေါ့.။သူ့ကိုစိတ်မပူစေနဲ့”
ရန်ကတော်က အသံမာမာအော်လိုက်တော့မှ ချူးဟန်ငြိမ်သက်သွားသည်။ ဖရိုဖရဲသူ့ပုံစံကို မိခင်ဖြစ်သူ က ရိပ်မိသည်ထင်ပါရဲ့။ မဆုံးနိုင်သော သက်ပြင်းတို့ကိုချသည်။
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...