12

3.2K 393 16
                                    

မနက်လင်းအားမကြီးသေးခင် ရှောင်ဟုန်ယွီ သည် စာတစ်စောင်ရေးလျက် စားပွဲပေါ်တွင် ဖယောင်းတိုင်ခွက်လေးဖြင့် ဖိထားခဲ့လိုက်သည်.။ သူတို့ သည်က မြောက်ဘက်ရေအောက်နန်းတော်ဆီ ခရီးဆက်ရဦးမည်။ ဒီနေရာနှင့် ရေလွှမ်းသော မြောက်ဘက်ဒေသပိုင်းက သိပ်မဝေးတော့ပေမယ့် ရှောင်ဟုန်ယွီ က ပုရင်ကိုခေါ်ကာ တည်းခိုခန်းထဲမှ အေးဆေးစွာပင်ထွက် လာခဲ့လိုက်သည်။

မြောက်ဘက်မြစ်စပ်နားရောက်တော့ လူသူအရိပ်အခြည်ကြည့်ကာ မြစ်ထဲ စဆင်းလိုက်သည်။များမကြာမီ ကူးခတ်ပြီး သည့်နောက် မြောက်ဘက်ပင်လယ်နန်းတော်ဂိတ်သို့ရောက်သည်။ ကြိုတင်အကြောင်းကြားထားပြီးသည်မို့ နန်းတော်ဂိတ်က သတ္တ၀ါလေးများ က ရိုကျိူးစွာဖြင့် နန်းဆောင်ထဲလိုက်ပို့သည်။

“ ကြွပါ.အထူးတမန်တော် ”

“ရှောင်ဟုန်ယွီ  နဂါးမင်းကျိူ ကို ဂါရ၀ပြုပါတယ်.”

“ပုရင် နဂါးမင်းကျိူကို ဂါရ၀ ပြုပါတယ်.”

နဂါးမင်းကျိူက အသိအမှတ်ပြု ပြုံးပြပြီး ကျောက်စားပွဲဝိုင်းတွင် နေရာယူစေသည်။

“ကဲ အရင်ဆုံး သုံးဆောင်ပါဦး။ဒါက ကိုယ်တော်တို့ မြောက်ဘက်ကထွက်တဲ့ ရေညှိုအထူးဟင်း ”

“ကျေးဇူးတင်ပါတယ် ”

စားချင်စဖွယ်မြောက်ဘက်ရေညှိဟင်းလေးကို နှစ်ယောက်သား အရင် စားသောက်လိုက်ကြသည်.။ လန်မြစ်တွင် နေစဉ်ကတည်းက ကြားဖူးနားဝရှိခဲ့သည့် မြောက်ဘက်ရေအောက်နန်းတော်၏ အထူး ရေညှိဟင်းသည် အမှန်ပင် အရသာရှိလှပေစွမို့ ရှောင်ဟုန်ယွီ တစ်ယောက် ချူးဟန်ကိုပါ ခေါ်ယူကျွေးချင်စိတ်ဖြစ်ပေါ်လာရသည်။

“မိဖုရားရော သက်သာပါရဲ့လားခင်ဗျ..”

“အင်း-- ခုတလောတော့ နည်းနည်းသက်သာပါတယ်.။ဒါပေမယ့် အိပ်ရာထဲက မထနိုင်သေးဘူး.။တမန်တော်က ကူညီပြီး ညလင်းပုလဲကို အမြန်ဆုံးရှာပေးဖို့ ကိုယ်တော် တောင်းဆိုပါတယ်”

“ဟုတ်ကဲ့.။ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရှာဖွေပေးပါ့မယ်.။ခု မိဖုရားကို ကျွန်တော် နှုတ်ခွန်းဆက်လို့ရပါရဲ့လားခင်ဗျ..”

မိုးမြေရေးသည့် ဖူးစာWhere stories live. Discover now