8

3.5K 411 5
                                        

လုံယွဲ့ အိပ်ပျော်နေရာမှ နိုးလာလေတော့ အခန်းတွင်းကိုဝေ့၀ဲကြည့်လိုက်သည်.။ဖွင့်ထားသည့် အခန်းတံခါးရှေ့နားက စားပွဲလေးပေါ် ပုရင်က ခေါင်းလေးမှောက်အိပ်ပျော်နေပုံရ၏။ ရှောင်ဟုန်ယွီကတော့ ရှိမနေ.။သူမ လူးလဲထလိုက်ရင်း ပုရင် ဆီသို့လာခဲ့လိုက်သည်.။

“ပုရင်~~ပုရင် ထတော့.ညနေတအားစောင်းနေပြီ.”

“အင်~ မင်းသမီး နိုးလာပြီလား.”

“ရှောင်ဟုန်ယွီ ရော.”

ပုရင် ခေါင်းခါပြလိုက်သည်.။ သူ့ကို မင်းသမီးအနားစောင့်စားရန်မှာခဲ့ပြီး ရှောင်ဟုန်ယွီကတော့ ဘယ်ဆီနေမှန်းမသိ.။

“သွားရှာကြမယ်လေ. ငါ အချိန်သိပ်မရဘူး ပြန်ရဦးမှာ.။သူများက သူ့ကိုတွေ့ချင်လို့လာတာကိုး ငါးစုတ်~~”

ဆူပုတ်ပုတ်နှင့် ခပ်သွက်သွက်ထွက်သွားလေသော မင်းသမီး နောက်သို့ ပုရင် ခမျာလည်း ခေါင်းလေးကုတ်လိုက်ရတော့သည်.။ ခန်းမဆောင်ဘက်က ရေမှော်ပင်တွေဘက်အရောက် ရှောင်ဟုန်ယွီ ကိုမြင်တော့ ၀မ်းသာသွားသည့် လုံယွဲ့သည် မြင်ကွင်းကြောင့် မျက်မှောင်ကြုံ့သွားရသည်.။
ငါးမင်းသားက အဘယ်ကြောင့် အစေခံငါးမလေး ရဲ့ လက်ကို တယုတယကိုင်တွယ်နေရပါသနည်း.။

“ဘာလုပ်နေတာလဲ ”

“သြော်~~ ယွဲ့အော်..ဒီမှာလေ..သူ ကျောက်စွန်နဲ့ခြစ်မိသွားလို့ ငါ့ရဲ့ဒဏ်ရာပျောက်ဆေး နည်းနည်းပေးနေတာ.”

“ဟုတ်လား ?? ပေးပြီးရင်လည်း အဲ့လက်ကိုလွှတ်လိုက်တော့.”

ရှောင်ဟုန်ယွီ၏ ဒဏ်ရာပျောက်ဆေး ရွှေမှုန်ရောင်လေးများက အစေခံငါးမလေး၏ လက်ထက်တွင် တောက်တောက်ပလျက်.။

“နင်က ခုထိမသွားသေးဘဲ လာရပ်လုပ်နေတာလဲ.။”

လုံယွဲ့က ခပ်နက်နက်စိုက်ကြည့်ပြီး ပြောလိုက်တော့ အစေခံငါးမလေး က ကြောက်ကြောက်လန့်လန့်ပြေးထွက်သွားသည်.။ တင်းမာနေသော လုံယွဲ့ ၏ မျက်နှာသည် မာန်တစ်မျိူးဖြင့် ထည်ဝါနေသည်.။

“ဘာဖြစ်တာလဲ ယွဲ့အော် ရာ..သူများကြောက်သွားပြီ.”

“စိတ်မကြည်လို့လေ.။ငါ့  နိုးလာကတည်းက နင့်ကိုရှာနေတာ ဘယ်သွားနေတာလဲ”

မိုးမြေရေးသည့် ဖူးစာDonde viven las historias. Descúbrelo ahora