“ရူုးနေလား ရှောင်ဟုန်ယွီ ဘာလို့စွမ်းအားသုံးလိုက်ရတာလဲ။သခင်မ မှာထားတာ မသိဘူးလား။လူ့လောကမှာ မဆင်ခြင်ဘဲ အားသုံးလို့မဖြစ်ဘူးဆိုတာလေ.။တခြားမှော်ဆရာတွေရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ ရှောင်ဟုန်ယွီ ရဲ့”
နဂိုကတည်းကမှ အပူအပင်များသော ပုရင်တစ်ယောက် အခန်းထဲတွင် တောင်လျှောက်လိုက် မြောက်လျှောက်လိုက်ဖြင့် အငြိမ်မနေဖြစ်နေသည်။ ရှောင်ဟုန်ယွီ ကတော့ မြစိမ်းရောင်ကြွေကရားအိုးလေးထဲမှ ပင်စိမ်းအခါးရည်ကို ဖန်ပန်းကန်လေးထဲ သာသာထည့်ရင်း သောက်နေသည်။
“မှော်ဆရာကို ဘာကြောက်ရမှာလဲ။ငါတို့က အောက်လမ်းမှော်ဆရာလောက်ကိုကြောက်စရာလား။အတွေးလွန်နေပြီ ပုရင်”
“အရမ်းစွမ်းတဲ့မှော်ဆရာတွေရှိတာ မင်းသိသားနဲ့။ပြီးတော့ လူတွေက ငါတို့ထင်ထားတာထက်ပိုကောက်ကျစ်တတ်ကြတယ်လို့ သခင်မ ခဏခဏပြောဖူးတယ်မလားး”
ဒေါ်လေး၏ ဆိုစကားတို့အောက်တွင် နားယောင်နေသူကို ရှောင်ဟုန်ယွီ ခေါင်းလေးသာ အသာယမ်းမိတော့သည်။
“မကြောက်ပါနဲ့ ငါကမင်းကိုကာကွယ်ပေးမှာ.။ခုက ချူးဟန် အဲ့လိုဒုက္ခရောက်နေတာကို ငါက ဘယ်လိုမျက်နှာလွှဲရမလဲ.။ဓားကသူ့ဆီ ဦးတည်နေတာလေ.။တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ သူက ငါ့ရဲ့ချစ်သူပဲကိုး.”
အဆုံးသတ်စကားသည် တိမ်ဝင်သွားသည်။ရှောင်ဟုန်ယွီသည် ရန်ချူးဟန်၏ ချစ်သူဟု တော့ တရားဝင်မကြွေးကြော်ရဲ။စင်စစ်. မိန်ရွှယ် အယောင်ဆောင်ထားသည့်ရှောင်ဟုန်ယွီကသာ ချူးဟန်၏ ချစ်သူမဟုတ်ပါလား။
“ဟုတ်ပါပြီ မျက်နှာကိုပြင်ဦး..ငါ လည်းမပြောတော့ဘူး ဟုတ်ပြီလား.။”
“အင်း ပုရင်က အကောင်းဆုံးပဲ.”
သွားလေးတွေပေါ်အောင် မျက်နှာလာချိူသွေးနေသည့် ရှောင်ဟုန်ယွီ ကြောင့်နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ရယ်မောမိကြသည်။
“ကြည့်ရတာ မြောက်ဘက်နန်းတော်မှာနေပျော်တယ်ထင်တယ် ပြုံးပျော်လို့ပါလား.”
YOU ARE READING
မိုးမြေရေးသည့် ဖူးစာ
Historical Fiction#ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို ပုံဖော်ထားတာပါ မြစ်ထဲက ငါးကလေး ကရော အချစ်ကို ထိတွေ့လို့ မရဘူးလား ? မိစ္ဆာ လို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိသော လူသားလောကမှာ လူသားတစ်ယောက်ကို မေတ္တာသက်ဝင်မိသော ငါးကလေးရဲ့ ချစ်ပုံပြင်က အဆုံးသတ် ကောင်းပါ့မလား ? ချစ်ခြင်းမ...