Unicode
စေတီပုထိုးများထံမှ ရွှေဆည်းလည်းသံတညံညံကဗိဿနိုးပြည်တခွင် သာယာငြိမ့်ညောင်းကာ နာပျော်ဖွယ်ဖြစ်နေတော့သည်။ ထိုစေတီက ဗိဿနိုး ပျူမြို့ဟောင်းတွင်တည်ရှိပြီး မြို့ရွာအနီးအနားတဝိုက်က မြို့သူရွာသူအားလုံး ကြည်ညိုအားထားရသည့် စေတီလဲဖြစ်သည်။ထိုစေတီအနီးတွင် ပန်ထွာဘုရင်မ၏ နတ်နန်းကြီးကလဲ သူ့နေရာနှင့်သူ အပိုင်စားတည်ထားကိုးကွယ်ကြသေး၏။ မာန်တမျိုးနှင့်ထည်ဝါနေသည့် ပန်ထွာဘုရင်မသည် ထိုဗိဿနိုးပြည်မြို့ဟောင်းကြီးကို တည်ထောင်ခဲ့သူလည်းဖြစ်သည့်အပြင် တချိန်ကပြည်သူများအပေါ်သြဇာအာဏာ ညောင်းခဲ့သူမို့ ထိုဒေသတဝိုက်က နယ်ခံများက စီးပွားရေး လူမှုရေး နာရေးမှန်သမျှကိစ္စအဝဝကို တိုင်တည်ဆုတောင်းထာပနာပြုသူ အများအပြားရှိကြလေသည်။
အမှန်တကယ်လည်း ပန်ထွာဘုရင်မက အာဏာစက်ပြင်းထန်ခဲ့သူမို့ ထိုဗိဿနိုး နယ်မြေတခွင်တွင် မကောင်းမှုမပြုလုပ်ရဲကြ။ မကောင်းတာမဆိုရဲကြသည့်အပြင် စကားကြမ်းကြမ်းလဲမပြောရဲကြပေ။
ထိုမြို့မှ ခရီးဝေးသွားရမည်ဆို ပန်ထွာဘုရင်မကို ဦးတိုက်လျှောက်ထားပြီးမှသွားရဲသည့် အယူခံကရှိနေတော့ ဘယ်သွားသွား ထိုနတ်နန်းဆီလာပြီးမှ တနယ်တပါးသွားရဲကြ၏။ အဲလိုမှမလုပ်ရင် လမ်းခရီးမှာ အန္တာရယ်တစ်ခုခုကြုံတွေ့ရခြင်း၊ လမ်းခရီးမချောမွေ့ခြင်းများဖြစ်ပေါ်တတ်သည်မို့ နယ်ခံများက ပန်ထွာဘုရင်မအပေါ် ကြောက်ရွံ့ရိုသေသမုရှိကြတော့သည်။ အလားတူ တနယ်တကျေးမှပြန်လာသည့် ရွာခံများထဲမှ လမ်းတွင် ရုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုမှုများပြုလုပ်ခဲ့ပါက သွားလမ်း လာလမ်းပျောက်ကာ ထိုနေရာတွင်ပဲ တဝဲလည်လည် လမ်းပျောက်နေရတော့သည်။
ထိုအပြင်စေတီရင်ပြင်ပေါ်တွင် ပျူလက်ရာများဖြစ်သည့် နံရံဆေးရေးပန်းချီများကသက်ဝင်တောက်ပနေကြသည်မှာ စာဖွဲ့ပြလို့ပင်မကုန်တော့ပေ။ရှေးဟောင်အမွေအနှစ်မို့ တန်ဖိုးထားကာ ရာစုနှစ်ကျော်လာသည့်တိုင် ပျက်ဆီးခြင်းများမရှိအောင် သာသနာအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားကြလေသည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️