" မိုင်း ဒီနေ့ အကို့ရဲ့အသိအိမ်ကို ခဏသွားကြည့်ပေးပါလား...."
" ဘာလုပ်ဖို့လဲ ကိုဇွဲ...."
" Decoration လေးနဲနဲပြန်ပြင်ချင်လို့.... "
" အော်... ဟုတ် ကျွန်တော့ကို လိပ်စာနဲ့ အိမ်နံပါတ်ပေးလေ ကျွန်တော်သွားလိုက်မယ်...."
" အင်း... Gem Condo 12 လွှာ အခန်းနံပါတ် 1206 "
" OK သွားကြည့်လိုက်မယ်....."
" ရော့ဒီမှာ အိမ်သော့..."
" ဟင်... အိမ်ရှင်တွေမရှိဘူးလား....."
" အင်း မရှိဘူး.... မိုင်းသွားမဲ့အချိန်ဆို အလုပ်သွားကုန်ကြလောက်ပြီလေ.... ဘာမှ စိတ်ပူမနေပါနဲ့.... သွားလိုက်...."
မိုင်း အင်တင်တင်နှင့် အိမ်ခန်းသော့အားယူလိုက်မိကာ.....
" အိမ်မှာ ဘယ်သူမှမရှိဘဲ ဝင်လို့ကောင်းပါမလား.."
" ရော် .... မိုင်းနဲ့တော့ခက်ပြီ... အကိုက မရတဲ့အိမ်ကို ဝင်ခိုင်းပါမလားကွ....."
မိုင်းလဲ ပါးစပ်ပိတ်ကာ လိုအပ်သည့် ပစ္စည်းအနည်းငယ် နှင့် မှတ်နေကျ စာအုပ်လေးအားယူကာ ထိုနေရာသို့ ထွက်လာခဲ့လိုက်သည်။
ကိုဇွဲက ကျွန်တော့ကိုဆို ညီလေးတစ်ယောက်လို ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးလေသည်။ ကျွန်တော် သွားရေးလာရေး အဆင်ပြေအောင်ဟုဆိုတာ ကားတစ်စီးကိုလဲ ပဟ်စလက်ခတ်ပစ်ဝယ်ပေးထားသေးသည်။ မယူဘူးပြောတော့လဲမရ..... တဖြည်ဖြည်းနှင့်ကျေအောင် ဆပ်ပါပြောလို့ အင်တင်တင်နှင့်ယူထားရသည်။ တခါတခါကိုဇွဲဘက်က အလိုက်သိလွန်းလို့ ကိုယ်တောင်ပြန်အားနာရတဲ့အထိ။ ထိုကြောင့် ကိုဇွဲခိုင်းတဲ့ ဘယ်အလုပ်ကိုမဆို သေသေချာချာ ဂရုတစိုက်လုပ်ပေးဖြစ်သည်။
အတွေးတွေများနေရင်း Gym Condo ရောက်လာသည်မို့ ကားပါကင်ထိုးကာ 12 လွှာသို့တက်ရန် ဓာတ်လှေကားအား လိုက်ရှာပေမယ့်မတွေ့။ Security ဆီသွားပြီးမေးတော့ မယုံသင်္ကာနှင့် အကြည့်ခံလိုက်ရသည်မို့ မနည်းဖြေရှင်းလိုက်ရသေးသည်။
ထို Condo ၏ လုံခြုံရေး System ကမြင့်လွန်းသည်မို့ ညရေးညတာအတွက်တော့ စိတ်ချလက်ချပင် မှေးစိတ်အနားယူနိုင်လိမ့်မည်။
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️