လေတဖြူးဖြူးတိုက်နေသည့် ကန်ဘောင်ရဲ့မြက်ခင်းပြင်ပေါ်တွင် နှစ်ယောက်သားထိုင်ရင်း အဆက်မပြတ်သွားလာနေဆဲဖြစ်သည့် ကားတွေကို အထူးအဆန်းမဟုတ်ပါဘဲလိုက်ငေးကြည့်နေမိသည်။
ကျွန်တော့အတွက်က ဒီလိုနေရာတွေကို လာလေ့မရှိတာမို့ မြင်မြင်သမျှက စိတ်ကျေနပ်ဖွယ်အတိ။ လတ်ဆတ်တဲ့လေရနံ့လေးကလည်း ကျွန်တော်တို့ရပ်ကွက်ထဲနှင့် လားလားမှမသက်ဆိုင်ပေ။ စျေးတန်းကြီးက လမ်းအပြည့်နေရာယူထားသည့်အပြင် လူထူထပ်တာမို့ လေကတိုက်တော့တိုက်ပေမယ့် ဘယ်ချောင်ရောက်သွားမှန်းပင်မသိ။
***အင်း... တရက်လောက်တော့ လေးနဲ့ပြုံးချိုကိုခေါ်လာဦးမှာပါလေ*****
မိုင်းတစ်ယောက် တစ်ယောက်တည်းတွေးချင်ရာတွေး ငေးချင်ရာငေးနေပေမယ့် ဘေးနားက ကိုခေတ်ကတော့ သက်ပြင်းတချချနှင့် အသံတိတ်ငေးငိုင်နေလေသည်။
" ကိုခေတ်... ဘာတွေစိတ်ညစ်စရာတွေရှိနေလို့လဲ..."
"ဒီလိုပါပဲ အိမ်တွင်းရေးကိစ္စနည်းနည်း"
အိမ်တွင်းရေးကိစ္စကျတော့ မိုင်း ကိုခေတ်အားမေးဖို့ရာ ရှေ့ဆက်ရန် သင့်မသင့် စဉ်းစားနေရသေး၏။
သူနဲ့ကိုယ့် ဆက်ဆံရေးက အိမ်တွင်းရေးကိစ္စတွေတိုင်ပင်ဆွေးနွေးဖို့အထိ မရင်းနှီးသေးပေ။ အတော်ကြာတဲ့အထိ ကိုခေတ်က တိတ်နေသည်မို့ မိုင်းလဲ အလိုက်တသိ နှုတ်ဆိတ်နေလိုက်မိသည်။
" ငါမှားနေတာလား.... မှန်နေတာလားဆိုတာဝေခွဲရခက်နေတယ်ကွာ... ဒါပေမယ့်ငါ့ကြောင့် ငါ့မိသားစုတွေစိတ်မချမ်းသာရတော့ ငါနေလို့မရဘူး... ဒီရင်ဘတ်ကြီးထဲ ပြည့်သိပ်ဆို့ကျပ်နေတာပဲ မိုင်းရာ..."
ခေတ် စပြီးရင်ဖွင့်လာသည်မို့ မိုင်း အလေးအနက်နားထောင်ပေးမိသည်။
" ငါလေ ပါပါးကို အကြောင်းတစ်ခုကြောင့် မခေါ်မပြောဘဲနေခဲ့တာ အခုဆို လေးနှစ်လောက်ရှိပြီ... အဟက်... ငါက သားမိုက်... ကျေးဇူးကန်းတဲ့သားများဖြစ်နေပြီလား မသိဘူးကွာ...
အခုလည်း ပါးနဲ့ဒီလေးနှစ်အတွင်း ပထမဆုံးစကားပြောဖူးတာပဲ...
VOCÊ ESTÁ LENDO
ဒဏ္ဍာရီ ( COMPLETED)
Ficção HistóricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️