ဆောက်လုပ်ရေးလောကနှင့်ပက်သက်သည့် ဟောပြောပွဲတစ်ခုမှ မိုင်းတို့ Company အားဖိတ်ကြားခံထားရသည်မို့ ကိုဇွဲပြည့်နှင့်အတူ လိုက်သွားရန်ပြင်ဆင်နေရသည်။
"🎶🎶🎶🎶🎶🎶
" ဟယ်လို...."
" မိုင်း.... ညီ ဘာသာညီပွဲကိုသွားလိုက်နော်.... ဟိုရောက်မှဆုံမယ်.... ကိုယ်သွားစရာရှိသေးလို့...."
" ဟုတ်.... အဲလိုပဲလုပ်လိုက်မယ်လေ..... ကျွန်တော် ခဏနေထွက်တော့မယ်.... အဲဒီမှာပြထားတဲ့ ပစ္စည်းတွေကို လိုက်လေ့လာလိုက်ဦးမယ်....."
ဖုန်းချသွားသည်နှင့် မိုင်း ကားသော့ယူကာ ထိုနေရာသို့ထွက်လာခဲ့လိုက်သည်။
@@@@@@@@@@@@@@
မိုင်း....Hotel မှလမ်းညွှန်ထားသည့် အခန်းဘက်အားသွားလိုက်ပြီး ခင်းကျင်းပြသထားသည့် ပစ္စည်းများအား လိုက်လံကြည့်ရှုနေလိုက်၏။
" မိုင်း.... ဟုတ်တယ်မလား... မိုင်းမလား....."
" ဗျာ.... ကျွန်တော့ကို သိလို့လား...."
မိုင်း ကိုယ့်ကိုကိုယ် လက်ညှိုးပြန်ထိုးလိုက်ပြီး မေးလိုက်တော့.... လက်မောင်းအား တရင်းတနှီးပင် ဗြန်းခနဲရိုက်ချခြင်းကို ခံလိုက်ရလေသည်။
ဘာလဲဟ.... ဒီကောင်မလေး.... သိလဲမသိဘဲနဲ့လူကိုလာပြီး....။
မိုင်းမျက်မှောင်ကျုံ့ကာပြန်ကြည့်မိတော့....
" ငါလေ... ခြူးလေဟာ.... မမှတ်မိတော့ဘူးလား... ရွက်လွှာသူငယ်ချင်းလေ....."
မိုင်း ထိုနာမည်အား အထပ်ထပ်ရေရွတ်ကာ အရင်က Memories များအား ပြန်ခေါ်နေရတော့သည်။
" အာ.... သိပြီ.... Sorry ဗျာ.... ကျွန်တော်ကလူမှားနေတာ ခင်ဗျားကအရင်ကနဲ့မတူဘဲ အများကြီးပြောင်းလဲသွားတော့လေ....."
" အမယ်..... ခြူးက လူမှားရမှာပါနော်.... မိုင်းအများကြီးချောလာတယ်....."
မိုင်းအား ရွန့်ရွန့်စားစားကြည့်ကာ ရှက်ပြုံးလေးဖြင့်ပြောလာသည့် ခြူးကြောင့် မိုင်း နောက်စေ့အား လက်ဖြင့်ပွတ်ကာ ရှက်ရယ်...ရယ်မိလိုက်သည်။
" ဒါနဲ့.... မိုင်းက အခုဘာလုပ်နေတာလဲ....ပျောက်သွားလိုက်တာ အခုမှပြန်တွေ့တော့တယ်..."
BINABASA MO ANG
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️