သန်းခေါင်ယံအချိန်မို့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတော့သည်။ ထိုအပြင် တစ်နေကုန်လျှောက်လည်ထားခဲ့ရလို့ပင်ပန်းကာ အကုန်အိပ်မောကျနေသည့် အချိန်လဲဖြစ်၏။
ရုတ်တရက် Hotel တဝိုက်တွင် ခွေးအူသံများကထူးဆန်းစွာ ဆွဲဆွဲငင်ငင်အူနေသည်မှာ ကျောချမ်းစရာကောင်းလောက်အောင်ဖြစ်နေလေသည်။
မိုင်းလဲအိပ်နေရာမှ ခွေအူသံကြောင့်ရုတ်တရက်လန့်နိုးလာပြီး ရေလည်းဆာလာသည်မို့ ထထိုင်ကာ ဘေးကအဆင်သင့်ထားပေးထားသည့် ရေသန့်ဘူးအားယူသောက်လိုက်၏။ တဆက်တည်း အပေါ့အပါးသွားရန်အတွက် အိမ်သာထဲဝင်ခဲ့လိုက်သည်။
အိမ်သာသုံးနေတုန်း တဒေါက်ဒေါက်နှင့်တံခါးခေါက်သံကြားလိုက်ရသည်မို့....
" ဘယ်သူလဲ.... စိုးထိုက်လား.... ခဏစောင့်...."
မိုင်းလည်း အမြန်လက်စသတ်ကာ တံခါးဖွင့်လိုက်တော့ ဘာမှမတွေ့သည့်အပြင် စိုးထိုက်က ကုတင်ပေါ်မှာ ဆန့်ဆန့်ကြီးအိပ်ပျော်နေလေပြီ။
" ဘာလဲဟ... ငါလဲအိပ်ချင်မူးတူးနဲ့ဘာတွေလျှောက်ကြားနေမှန်းကိုမသိဘူး...."
မိုင်း လေးပင်စွာ ခေါင်းခါလိုက်ပြီး အိပ်ယာပေါ်သို့တက်ကာ ပြန်ကွေးလိုက်သည်။
ခဏနေတော့ ခွေးတွေက အဆက်မပြတ်ပြန်အူလာပြန်သည်မို့.... မိုင်းမှာ ဘာမှန်းမသိတဲ့ခံစားချက်များရောထွေးကာရေခဲတုံးလိုအေးစက်စက် အထိအတွေ့တစ်ခုခံစားလိုက်ရချိန်တွင်တော့ တုံ့တုံ့မျှမလုပ်ရဲပဲ မျက်လုံးများကိုသာ အတင်းဖိပိတ်ထားမိသည်။
*** တစ်ခုခုလွဲနေပြီ.... မိုင်းစိတ်ထိန်းထား....***
ကိုယ့်ကိုကိုယ် သတိပေးနေတုန်းရှိသေး.... သက်ပြင်းချသံအကျယ်ကြီးက မိုင်း နားစည် တဝိုက်တွင် ကြားလိုက်ရချိန်တွင်တော့ နှလုံးခုန်သံများရပ်တန့်သွားမတတ် လန့်သွားရသည်။ သိနေတာတစ်ခုက ဒါ ဘယ်လိုမှ စိုးထိုက်မဖြစ်နိုင်။
ဘာမှန်းမသိတဲ့အရာတွေကိုကြောက်ရွံ့တုန်လှုပ်လာမိကာ ငယ်ငယ်ကတည်းက အလွတ်ရနေသည့် သမ္ဗုဒ္ဓေအား အဆက်မပြတ်ရွတ်မိတော့သည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️