အသစ်စက်စက် Condo တိုက်ခန်းလေးက မောင်နှမ သုံးယောက်အတွက်တော့ အတော်အတန်အဆင်ပြေပြေနေနိုင်တဲ့အထိကျယ်ဝန်းလှသည်။
ထိုအခန်းအားဝယ်နိုင်အောင် အဖက်ဖက်က လိုက်ပြီးကူညီပေးခဲ့သည့် ကိုဇွဲပြည့်ကိုလဲကျေးဇူးတင်နေမိသည်။ ၁၂ လွှာတွင်ဝယ်လိုက်သည်မို့ အပေါ်ကစီးမိုးကြည့်လျှင် အောက်ခြေပတ်ပတ်လည်က မြင်ကွင်းအားလုံးကို ရှင်းလင်းစွာမြင်နေရလေသည်။ ဘာပဲဖြစ်ဖြစ် အသက်ရှူချောင်သလို ခံစားရသည်မို့ ဖိစီးနေသည့် စိတ်အား အနည်းငယ် သက်သာရာရစေသလိုပင်။
ညနေခင်းနေဝင်အချိန်လေးမို့ လေတဖြူးဖြူးတိုက်နေသည့် ဝရံတာသို့ ထွက်လာမိသည်။ အခါခါဖုန်းခေါ်သော်လည်း စက်ပိတ်ထားသည် ချည်းပဲပြောနေသည့် ဖုန်း Operator ကောင်မလေးကို အားနာပေမယ့် မရပ်တန့်မိ။၆ နှစ်လုံးလုံး ထိုဖုန်းလေးကိုပဲခေါ်နေခဲ့မိသည်။
မင်းခန့်တို့ရော ဘာတွေလုပ်နေကြပြီလဲ။ ဂျပန်ကိုထွက်သွားပြီးကတည်းက တခါဆိုတခါမှ မဆက်သွယ်ဘဲ အဆက်အသွယ်ဖြတ်ခဲ့မိသည်။ အခုလောက်ဆို ကိုယ်ဘယ်သူဆိုတာသိနေလောက်ရောပေါ့။
မိုင်းကရော.... အခုသွားတွေ့ရင် ဘယ်လိုများတုံ့ပြန်မလဲသိချင်နေမိသည်။
မင်းကိုယ့်ကိုများမေ့နေခဲ့ပြီလား မိုင်းရာ...။
ခေတ်စိတ်တွေ ထိန်းချုပ်လို့မရအောင် သတိရလာသည်မို့ အခန်းထဲဝင်ပြီး ဦးထုတ်နှင့် အကျႌလက်ရှည်အား ဖြစ်သလိုဆွဲချလာကာ မိုင်းတို့အိမ်လေးရှိရာသို့ Taxi ငှားပြီး ထွက်လာခဲ့လိုက်မိသည်။
အရင်ကသေမတတ်သတိရပေမယ့် လာခွင့်မရှိခဲ့။ အခုတော့ ဘာမှပူစရာမလိုတော့..... တွေ့ချင်လာရင် သွားတွေ့နိုင်တဲ့ အခြေအနေတွေရလာခဲ့ပြီ။
တခုပဲ... ကိုယ်တစ်ခုလေးပဲဆုတောင်းနေမိသည်တယ် မိုင်းရာ...မင်းအခုထိ ပိုင်ဆိုင်သူကင်းမဲ့နေပါစေလို့ ငါအတ္တကြီးစွာနဲ့ပဲ....ဆုတောင်းနေမိတယ်။
@@@@@@@@@@@@
" အန်တီရေ.... မရသေးဘူးလား.... သမီးတို့ဝိုင်းက လက်ဖက်သုပ်နဲ့ စတော်ဘယ်ရီမစ်ရှိတ်မှာထားတာ ခုထိမရသေးဘူး....."
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️