ဒီနေ့ ဘာလို့မှန်းမသိ မိုင်းအစောကြီးနိုးနေရသည်။အိပ်ယာအပြောင်းအလဲကြောင့်အိပ်မပျော်တာလည်း ဖြစ်နိုင်၏။ညနေက လေးကမပြန်နဲ့တော့ဟုပြောသောကြောင့် အရင် ကျွန်တော့အခန်းကျင်းလေးထဲမှာပဲ ပင်ပင်ပန်းပန်းနှင့် တချိုးတည်းအိပ်ပျော်သွားရသည်။
ဘေးတွင်အိပ်မောကျနေသည့် ကိုခေတ်ဘက်သို့ဘေးတစောင်းလှဲအိပ်ကာ နှာတံလေးအား ဖွဖွထိကိုင်နေမိသည်။ ဒါတင်အားမရသေးဘဲ တင်းတင်းစေ့ထားသည့် နှုတ်ခမ်း နှစ်လွှာအား ခပ်ဖွဖွဖိနမ်းမိပြန်သည်။
ကျွန်တော်အရင်ကအမြဲဝတ်နေကျ စွပ်ကျယ်ခပ်ပွပွကိုဝတ်ဆင်ထားကာ...တစ်စွန်းတစမြင်နေရသည့် ညိုစမ့်စိမ့်ရင်ဘတ်ကျယ်ကြီးအား လက်ဖြင့်ပွတ်သပ်ကာ နှုတ်ခမ်းဖြင့် တို့ထိနမ်းနေမိပြန်သည်။
အခုနောက်ပိုင်း ကိုခေတ်ကိုမြင်တိုင်းဖြစ်ချင်လုပ်ချင်နေတဲ့စိတ်တစ်ခုက နေရာမလပ်နမ်းချင်နေတာဖြစ်သည်။
အချစ်စိတ်တွေလွန်ကဲနေတယ်လို့ခေါ်မလား...??
@@@@@@@@@@@
အနားတွင် လှုပ်စိလှုပ်စိနှင့် နှာခေါင်းအား လာထိနေသည့် မိုင်းကြောင့် ခေတ်နိုးနေပေမယ့် မျက်လုံးမဖွင့်မိ။ အခန်းကကျင်းသည့်အပြင် အိပ်နေသည်က တစ်ယောက်အိပ် သစ်သားကုတင်လေးမှာ နှစ်ယောက်အိပ်နေရခြင်းကြောင့် ဘေးကဘာလုပ်လုပ်အကုန်သိနေရခြင်းဖြစ်သည်။
ထိုနောက် ခေတ်လုံးဝမထင်မှတ်ထားသည့် အပြုအမူမျိုးကို မိုင်းကလုပ်လိုက်သည်မို့ ရုတ်တရက်အသက်အောင့်လိုက်မိသည်။ ကျွန်တော့ နှုတ်ခမ်းအားလာနမ်းနေခြင်း။ ဒါတင်မကသေး ရင်ဘတ်အား မထိတထိ တို့ထိကာ နှုတ်ခမ်းဖြင့် ပွတ်တိုက်နမ်းနေသည့် မိုင်းကြောင့် ခေတ်တစ်ကိုယ်လုံး တရှိန်းရှိန်း တဖေးဖေးနှင့် မိုင်ရာချီပြေးနေတဲ့လူလို နှလုံးသွေးများ တဒိန်းဒိန်းခုန်လှုပ်လာရတော့သည်။
လေးတို့အိမ်မှာဆိုတဲ့အသိကို ဖောက်ပြန်ချင်နေသည့်ဦးနှောက်ဆီတွန်းပို့ပြီး အိမ်ချင်မူးတူးဖြစ်နေသည့် ပုံဖြင့် မိုင်းနှင့် ဆန့်ကျင်ဘက်ရှိရာသို့လှည့်ချပစ်လိုက်ရသည်။
BINABASA MO ANG
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️