ပါးပါး၏စာကြည့်အခန်းထဲတွင် လူအနည်းငယ်စုဝေးကာ မနက် ကိုးနာရီကတည်းက အစည်းအဝေးလုပ်နေသည်လား တစ်စုံတစ်ခုကိုဆွေးနွေးနေသည်လား ဘာမှန်းမသိပေ။ ဒါပေမယ့် အခန်းပြင်ကနေ မသိမသာ စာကြည့်ခန်းသို့ လှမ်းလှမ်းကြည့်နေသည့် မာမားတစ်ယောက် မျက်နှာမကောင်းတာတော့ရိပ်မိ၏။
ခေတ်လည်းဧည့်ခန်းထဲတွင် ဂမ်းထိုင်ဆော့နေပေမယ့် အာရုံက မာမားဆီမှာသာပျံ့လွှင့်နေခဲ့၏။
" Shit..."
အတွေးလွန်နေတုန်း ဂိမ်းရှုံးသွားသည်မို့ဆက်ဆော့ချင်စိတ်မရှိတော့ဘဲ ဂိမ်းစက်အားသိမ်းကာ စက္ကူဘူးထဲပြန်ထည့်လိုက်၏။
" သား... မာမားကိုကူပါ့လား.... "
ပါးရှိနေသည့် စာကြည့်အခန်းအား ကြည့်ကာ သက်ပြင်းချရင်း...
" ရှစ်နာရီတောင်ကျော်နေပြီ... အခုထိထွက်မလာသေးဘူး... ထမင်းလဲထွက်မစားဘူး...ထမင်းစားချိန်လွန်ရင် သားပါပါးက နေမကောင်းဖြစ်တော့မှာ....အခြေအနေသွားကြည့်ကြည့်ပါလား...သားရယ်..."
" ဗိုက်မဆာသေးလို့နေမှာပေါ့ မာမားကလည်း... ပြီးတော့ အဲဒီနားမသွားချင်ဘူး..."
ခေတ် သိမ်းဆည်းရင်းနှင့်ပင် စိတ်ပူနေသည့် မာမားအား ခပ်အေးအေးပင်ပြန်ပြောလိုက်၏။
" ဟင်း... အခုထိသားပါပါးကို ခွင့်မလွှတ်နိုင်သေးဘူးလားဟင်.... သား ပါပါးအခုလိုလုပ်နေတာတွေက သားတို့အတွက်လို့ တွေးပေးလို့မရဘူးလား... သူ့မှာ နေ့မနား ညမအိပ်နဲ့ စိတ်ပင်ပန်းနေရတာ ဘယ်လောက်တောင်ကြာနေပြီလဲ..."
သက်ပြင်းချကာ နားချနေသည့် မာမားရဲ့စကားကို မတွန်းလှန်ချင်ပေမယ့် လက်မခံနိုင်ခြင်းကပိုသည်။ ရွေးကောက်ပွဲနီးလို့ လက်ရှိခံစားနေရတဲ့ ရာထူးအရှိန်အဝါတွေပြုတ်မသွားအောင် မနက်ကတည်းကနေ ည ရှစ်နာအထိ နေ့မအားညမနားအစည်းအဝေးထိုင်နေကြတာ မသိဘဲနေမလား။ ?? အစည်းအဝေးလုပ်လို့ရတဲ့ အစိုးရအဆောက်အဦးတွေ ဒီလောက်ပေါတာကို ဒီအိမ်ရဲ့စာကြည့်ခန်းလေးထဲမှာမှ တီတိုးတိုင်ပင်နေရသည်က ဘယ်လောက်အရေးကြီးတဲ့လျှို့ဝှက်ချက်တွေမို့လဲ...။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️